ထိုင်းတောင်ပိုင်းတွင် မြန်မာလှေလုပ်သားတစ်ဦး သေနတ်ပစ်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ကူရပူရီမြို့နယ် နံယောင်း ငါးဖမ်းလှေဆိပ်တွင် လှေပိုင်ရှင်သူဌေးဖြစ်သူမှ အလုပ်သမားဖြ စ်သူအား သေနတ်ဖြင့်ပစ်ခတ်မှုတခုဖြစ်ပွါး ခဲ့သည်ဟုသိရှိရသည်။
ဖစ်ပုံမှာလှေထွက်ခါနီး အလုပ်သမားဖြစ်သူမှ ဈေးဝယ်သွားရန် ပြင်နေစဉ် သူဌေးဖြစ်သူမှ ပေးမသွားပဲ လက်ဖြင့် အလုပ် သမားခေါင်းပေါ်တချက်ထု လိုက်သည်ဟု သိရပါတယ်။ ထိုအချိန်တွင် အလုပ်သမားမှ ပြန်လည်ခုခံသဖြင့် သူဌေး၏နော က်လိုက် ထိုင်းလူမျိုးပဲ့နင်းမှ လာရောက်ပြီး ရိုက်နှက်သည်ဟု သိရပါတယ်။
၎င်းနောက် သူဌေးမှာ စိတ်ဆိုးသွားပြီး လှေပေါ်ဆင်းလာကာ ချက်ချင်း လှေကြိုးဖြုတ်၍ ကမ်းမှလှေထွက်ခွါလိုက်သည် ဟုသိရပါတယ်။ လှေထွက်လာပြီးပင်လယ်ပြင် တဝက်လောက်အရောက် ညနေ ၃ နာရီကျော်အချိန်ခန့်တွင် ၎င်းအလု ပ်သမား အိပ်နေသည့်အနားသို့ လာရောက်ပြီး စကားအနည်းငယ် မေးပြီးသေနတ်အတိုတလက်ဖြင့် တချက်ပစ်ခတ်ခဲ့ သည်ဟု မျက်မြင်များ ပြောပြချက်အရသိရပါတယ်။
သေနတ်ဖြင့် အပစ်ခံရသူမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာနေ အဘဦးထွန်းအောင်ဖြူ နှင့် အ မိဒေါ်မညိုစိန်တို့၏သား မောင်မောင်ဌေးအသက် ၂၁ ဖြစ်သူဟုသိရပါတယ်။ ဒါဏ်ရာရသွားသည်မှာ ပုံပါအတိုင်းတွေ့မြင် ရပြီး ယခုချိန်တွင် ဒါဏ်ရာစိုးရိမ်ရ၍ ကူရပူရီဆေးရုံမှ တခွန်ပါဆေးရုံသို့ ပို့ဆောင်ထားသည်ဟုသိရပါတယ်။
၎င်းအမှုအား ဒေသဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်းများအား တိုင်ကြားအမူဖွင့် အရေးယူသွားမည်ဖြစ်ပြီး သက်ဆိုင် ရာ အလုပ်သမားအဖွဲ့အစည်းများနှင့် မြန်မာသံရုံတို့နဲ့ပါ ချိပ်ဆက်ပြီး ကျနော်ခိုင်အတမှ လိုအပ်သည်များကို ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။
လက်ရှိ အမှုဖြစ်ပွားခဲ့သော လှေတွင် ယခင် ၂၀၁၅ ခု ၄ လပိုင်းကလဲ စက်ခန်းမီးလောင်ပြီး သေဆုံးသူနှစ်ဦးနှင့် ဒါဏ်ရာ အပြင်းအထန်ရရှိကာ မည်သည့်နစ်နာကြေးမှ မရရှိပဲအမှုပျောက်နေ သည်ဟုသိရပါတယ်။
အရင်းအမြစ်: ပန်းမတဲ့လိပ်ပြာ
Credit to MCNews

Reviewed by Unknown
on
12:41 AM
Rating:
Reviewed by Unknown
on
12:41 AM
Rating:

Post a Comment