မကောင်းဆိုးဝါးလို့  အမည်တပ်ခံခဲ့ရတဲ့ ကျောကုန်းမှာ ခြေထောက်အပို
အိန္ဒိယအမျိုးသားတစ်ယောက်ဟာ ခြေထောက်လေးချောင်းနဲ့ မွေးဖွားလာခဲ့ပြီး ရွာသားတွေက မကောင်းဆိုးဝါး လို့ သမုတ်မှုကြောင့် အပယ်ခံဘ၀ကို ရောက်ရှိခဲ့ရပါတယ်။
Arun Rajput အမည်ရအမျိုးသားဟာ ခြေထောက်နှစ်ချောင်းအပိုပါကာ မွေးဖွားလာတာဖြစ်ပြီး parasitic twin ခေါ် မိခင်ဝမ်းတွင်းက ပိုမိုသေးငယ်တဲ့အမွှာသန္ဓေသားတစ်ဦးက ဖွံ့ ဖြိုးမှုမရှိဘဲ ဖွံ့ ဖြိုးမှုရှိတဲ့သန္ဓေသားမှာ အင်္ဂါ အစိတ်အပိုင်းစုတစ်ရှူးတွေ ပေါင်းစည်းသွားမှုကြောင့် ကျောကုန်းမှာ ခြေထောက်နှစ်ချောင်းအပိုနဲ့  မွေးဖွားလာတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
ယခုအခါ အသက် ၂၀ ရှိပြီဖြစ်တဲ့ Rajput ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Uttar Pradesh ပြည်နယ်၊ ဝေးလံခေါင်သီတဲ့ Farrukhabad ရွာလေးက ရွာသူရွာသားရဲ့ စွန့် ပစ်ရှောင်ကြဉ်မှုကြောင့် တစ်ကိုယ်တော် နေထိုင်နေရတယ်လို့  ပြောပြခဲ့ပါတယ်။
“လူတွေက ကျွန်တော့်ကို ရယ်ကြတယ်။ ကျွန်တော်က မကောင်းဆိုးဝါးတဲ့။ ကျွန်တော်က တစ်မူထူးခြားနေတာ မို့ ဒီကလူဘယ်သူမှ ကျွန်တော့်ကို အလေးမထားကြဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ ထဲကသာမန်လူ တစ်ယောက်ပဲဖြစ်ချင်ပါတယ်။ ကျွန်တော်လည်း တခြားယောင်္ကျားသားတွေလိုပဲ အလုပ်လုပ်ချင်တယ်” လို့ Rajput က ဆိုပါတယ်။
ယခုလို ခန္ဓာကိုယ်မူမမှန်ချို့ ယွင်းမှုကြောင့် Rajput ဟာ လူလားမြောက်စဉ်ကတည်းက လှောင်ပြောင်သရော်မှု တွေခံခဲ့ရပြီး၊ ဒေသခံရွာသားတွေက သူတို့ မိသားစုဟာ ကျိန်စာသင့်ထားတာဖြစ်တယ်လို့  ယုံကြည်ထားကြ ပါတယ်။
မွေးချင်းလေးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ Rajput ဟာ ပညာကောင်းကောင်းသင်ယူပြီး သူ့ ရဲ့ ကျောင်းဆရာ အိပ်မက်တွေတကယ်ဖြစ်လာဖို့ အတွက် ခွဲစိတ်ကုသမှုခံယူဖို့ ကို လိုလားလျက်ရှိပါတယ်။
Rajput ရဲ့ ဆင်းရဲတဲ့ သူရင်းဌားမိဘတွေဟာ Rajput ကလေးတုန်းက ဆရာဝန်ပေါင်းစုံဆီခေါ်ယူပြသခဲ့ပေမယ့် ခွဲစိတ်ကုသမှုစရိတ်ဟာ မတန်တဆများပြားလွန်းတာကြောင့် လက်လျော့ပြန်ခဲ့ရတယ်လို့ သိရပါတယ်။
Rajput ရဲအမေဖြစ်သူ၊ အသက် ၄၅ နှစ်အရွယ် Lila Devi က “သူ့ ကို လက်ထပ်ပြီး ၁၂ နှစ်အကြာမှာ မွေးတာပေါ့။ သူ လောကကြီးထဲရောက်လာတာကို မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့ပြီး သူမွေးလာတော့၊ ကျွန်မ မျက်လုံးတွေကို ကျွန်မမယုံနိုင်ခဲ့ဘူး” လို့ ပြန်ပြောပြပါတယ်။
“လူတွေက သူ့ ကို မကောင်းတဲ့နာမည်မျိုးစုံနဲ့ ခေါ်ကြတယ်။ မကောင်းဆိုးဝါးလို့ အခေါ်ခံရတဲ့ အချိန်က ကျွန်မ အတွက် နာကျင်ရဆုံးပါပဲ” အခုအခါမှာတော့ Rajput နဲ့ မိခင်ဖြစ်သူဟာ Rajput တစ်ယောက် သာမန်ဘ၀အတိုင်းနေထိုင်ရှင်သန်သွားနိုင် ဖို့ အတွက် ခွဲစိတ်ကုသပေးမှုကို မျှော်လင့်စောင့်စားလျက်ရှိကြပါတယ်။
Credit:ThitHtooLwin
သင်မျှဝေလိုပါက share ယူသွားနိုင်ပါသည်

Reviewed by Unknown
on
6:28 PM
Rating:
Reviewed by Unknown
on
6:28 PM
Rating:

Post a Comment