ဧပြီ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်ကစ၍ သံတွဲမြို့အနီးမှ လေပြင်းများနှင့်
ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မရုသာသည်
ယနေ့ ည ၁၀နာရီတွင်အားပျော့သွားကြောင်း သံတွဲမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ကပြောသည်။
"အားပျော့သွားပါပြီ အခုဆိုရင် လေသိပ်မတိုက်တော့ဘူး။ မိုးရွာပေမယ့် ရေကြီးတာမျိုးတွေ မရှိတော့ဘူး။ လေတိုက်တာတော့ အခုဆိုရင် တစ်နာရီ မိုင် ၁၅ /၂၀ လောက်ပဲ ရှိတော့တယ်။"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ကပြောသည်။
ည ခုနှစ်နာရီတွင် တစ်နာရီ လေတိုက်နှုန်း
၃၀ ဖြင့် သံတွဲမြို့အနီး ဖြတ်ကျော် ၀င်ရောက်ခဲ့သော မုန်တိုင်း မရုသာသည်
ည ၁၀နာရီခွဲခန့်တွင် တစ်နာရီ လေတိုက်နှုန်း ၁၅ မိုင်ခန့်သာ ရှိတော့ကြောင်း ဦးဝင်းလှိုင်က ပြောသည်။
သံတွဲမြို့ပေါ်တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထားသဖြင့် တစ်မြို့လုံး မီးမှောင်ကြနေပြီး မည်သည့်နေရာများတွင် အပျက်အစီးများရှိသည်ကို မြို့ခံများက မသိရှိရကြောင်း ၊ လေပြင်းသဖြင့် သစ်ပင်များ ကျိုးပဲ့ ပျက်စီးမှုများသာ အနီးဝန်းကျင်တွင် မြင်တွေ့ရကြောင်း သံတွဲမြို့ခံ မခိုင်ခိုင်ထွန်းကပြောသည်။
သံတွဲမြို့ နှင့် ငပလီ ကမ်းခြေတွင် အပျက်အစီးစာရင်းများအား လက်ရှိ ကောက်ယူနေဆဲဖြစ်ကြောင်း ၊ သစ်ပင်များကျိုးပဲ့ ပျက်စီးခြင်းများ
ရှိသော်လည်း ရေလွှမ်းမိုးခြင်းမရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ကပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိပြီး မုန်တိုင်းအခြေနေမှာ အညိုရောင်အဆင့်ရှိသည့်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထုတ်ပြန်
ထားသည်။
သတင်း -အိဖြူမွန်
ဓာတ်ပုံ - ခိုင်ခိုင်ထွန်း (သံတွဲ)
Reviewed by Unknown
on
9:58 AM
Rating:









Post a Comment