သပိတ်ကျင်းရှိ ပြည်သူ့ပန်းခြံ ဖျက်ဆီးခံရ
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ ရတနာကုန်းရပ် မြို့အဝင် အများပြည်သူ အပန်းဖြေ ပန်းခြံဖျက်ဆီးခံရသည့်အတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးနိုင်က ပြောကြားသည်။
အဆိုပါ ပန်းခြံကို၂၀၁၀ ပြည့်နှစ်မှ စတင် တည်ဆောက်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ ညက ကာရန်ထားသည့် သံပန်းသံတံခါး ကွန်ကရစ်တိုင်များကို ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
လတ်တလော၌ ပျက်စီးသွားသည့် ပန်းခြံ လိုအပ်သည့် ကိစ္စရပ်များကို စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တိုင်ပင် ဆွေးနွေးကာ ကုန်ကျမည့် စရိတ်များ တွက်ချက်၍ ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း သပိတ်ကျင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခက ပြောကြားသည်။
“အခုဖြစ်စဉ်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးတဲ့အတွက် စုံစမ်းပေါ်ပေါက်ရင်တော့ (၆/၁)နဲ့ နောက်နောင် မဖြစ်ပေါ်အောင် အရေးယူသွားမှာပါ”ဟု ၎င်းက ဆိုသည်။
R-05
Credit: The Voice Myanmar
Credit: The Voice Myanmar
သပိတ်ကျင်းရှိ ပြည်သူ့ပန်းခြံ ဖျက်ဆီးခံရ
Reviewed by Unknown
on
8:24 PM
Rating:
Reviewed by Unknown
on
8:24 PM
Rating:


Post a Comment