ဝိုင်ဘီအက်စ်ပြုပြင်ရေး လွှတ်တော်မှာ ဆွေးနွေး
ရန်ကုန်၊ ဧပြီ ၅ – မထသကနေ ရန်ကုန်အများပြည်သူဝန်ဆောင်မှု ယာဉ်လိုင်း (YBS) စနစ်ကို ပြောင်းလဲလိုက်တာဟာ အမည်ပြောင်းလဲ ခြင်းသာဖြစ်ပြီး ပြည်သူတွေမှာ မချစ်သော်လည်းအောင့်ကာနမ်းနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားတာပါ။ ဒါ့အပြင် ဝိုင်ဘီအက်စ်ကိုကြီး ကြပ်တဲ့ YRTA မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယက၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး မထသရှိ လူဟောင်းတွေပါဝင်နေတာတွေ့ရလို့ အံ့ဩမိကြောင်း သူကဆိုပါတယ်။
ဦးဝေဖြိုးဟန်က ပြည်သူများဟာ အစိုးရပြုသမျှနုနေရသလို ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ အားမလိုအားမရဖြစ် သည်မှအပ ကြီးကြီးမားမားအပြစ်မမြင်ကြသေးပါဘူးလို့ ဝိုင်ဘီအက်စ်ကို အချိန်မီပြောင်းလဲ သင့်ကြောင်း လွှတ်တော်မှာဆွေးနွေးပါတယ်။
ဝိုင်ဘီအက်စ်ကားတွေ ပြိုင်မောင်းတာ၊ စည်းကမ်းချိုးဖောက်တာ၊ ခရီးသည်အပေါ်ဆက်ဆံရေး မပြေလည်တာကို နေ့စဉ်ကြုံတွေ့ နေရကြောင်း ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီ တာမောင်က ပြောပါတယ်။ လက်ရှိ စနစ်မှာ တိကျတဲ့ပြစ်ဒဏ်နဲ့ ရှင်း လင်းတဲ့ ဥပဒေတွေမရှိကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုတွေကို နေရာအနှံ့ကြားသိနေရပြီး စည်းကမ်းနဲ့မယဉ်ပါးတာဟာ ထိရောက်တဲ့ အရေးယူမှုတွေမလုပ်တာကြောင့်လို့ ထောက်ပြပါတယ်။
ပြောင်းသော်လဲမထူးတဲ့အခြေအနေဖြစ်နေလို့ ထိရောက်တဲ့ပြစ်ဒဏ် ပေးဖို့လိုပါတယလို့ ဦးဝေဖြိုးဟန်က အကြံပြုပြောကြားပါတယ်။
လုပ်ငန်းလည်ပတ်တဲ့အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ခရီးသည်တွေရဲ့ ဒုက္ခကိုဖြေရှင်းပေးမယ့် စင်တာတွေပြုလုပ်ပေးဖို့ လိုအပ်ကြောင်း လွှတ်တော်မှာဆွေးနွေးပါတယ်။
ဦးဝေဖြိုးဟန်ရဲ့အဆိုကို ရန်ကင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ထောက်ခံဆွေးနွေးပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်ရေးနဲ့ထိရောက်သော စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီအရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များ ကို အများပြည်သူသိရှိစေရန် ပွင့်လင်းမြင် သာစွာချပြရေးတိုက်တွန်းကြောင်း အဆိုကိုလွှတ်တော်ကိုယ်စား လှယ်တွေ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။
Author – ပို့ပို့မြင့်မွန်

Reviewed by Unknown
on
10:10 PM
Rating:

Post a Comment