Header AD

အမျိုးသမီးတစ်ဦး ဂဏန်းတွေဘေစင်ထဲထည့်တဲ့ဗီဒီယိုကို ကြည့်ရှုသူ၅သန်းကျော်ခဲ့

15 စက္ကန့်လောက်သာ ကြာမြင့်တဲ့ အမျိုးသမီးတစ်ယောက် အလုပ်လုပ်နေတဲ့ ဗွီဒီယိုဖိုင်ဟာ Facebook ကွန်ယက် ပေါ်မှာ လူအများအပြား အားပေးမှုကို ခံနေရပါတယ်။ အမှန်တော့ လူတစ်ယောက် အလုပ်လုပ်တာကို ထိုင်ကြည့်ရတာဟာ ထူးထူးခြားခြား စွဲဆောင်မှုတွေတော့ ရှိနေမှာ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့သူကလည်း သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်မှာဖြစ်သလို၊ ကြည့်တဲ့သူကလည်း ခဏတဖြုတ်သာ ကြည့်ကြမှာပါ။
ဒါပေမယ့် ဒီအမျိုးသမီးရဲ့ အလုပ်လုပ်တဲ့ပုံစံမျိုးနဲ့တော့ တူညီမှုမရှိပါဘူး။ အကြောင်းကတော့ သူမဟာ တစ်ချောင်းကြိုး အင်္ကျီလေး မလုံ့တလုံနဲ့ အလုပ်လုပ်နေတာမို့၊ အနည်းဆုံးတော့ ပုရိသတွေကို တံထွေးနှစ်ဂလုလောက် မျိုချမိစေမှာပါ။ သူမဟာ တည်တည်ငြိမ်ငြိမ်ပဲ ပလက်စတစ်ခွက်ကြီးထဲက ကဏန်းအရှင်တွေကို တစ်ခြားနေရာကို ဘေစင်ဆီမှာ ရွှေ့ နေ တာပါ။
သူမရဲ့ လှုပ်ရှားမှုတိုင်းဟာ အမျိုးသားတွေရဲ့ အသက်ရှုမှုနှစ်ဆအထိ မြန်စေပါတယ်။ လှပချောမွေ့တဲ့အသားအရေနဲ့အတူ ကင်မရာဆရာကို တစ်ချက် လှမ်းကြည့်လိုက်တာလေးကိုက ဒီဗွီဒီယိုကို ကြည့်နေတဲ့သူအဖို့ ကိုယ့်ကို လှမ်းကြည့်လိုက်သ လား ရင်တစ်လှပ်လှပ် ခုန်သွားစေမှာပါလို့တောင် မူရင်းပို့စ်တင်တဲ့သူက ဆိုထားပါသေးတယ်။

ဒီဗွီဒီယိုဖိုင်ဟာ ဖေဖော်ဝါရီကတည်းက တင်ထားတဲ့ ဗွီဒီယိုဖိုင်ပါ။ ကြည့်ရှုသူကတော့ 5.4 သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားချက်အနေနဲ့ကတော့ ဒီအလုပ်လုပ်နေတဲ့သူဟာ အမျိုးသမီးစင်စစ်တော့ မဟုတ်ပါဘူး။ ထိုင်းမှာ နာမည်ကြီးနေတဲ့ Ladyboy တွေက တစ်ယောက် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမျိုးသမီးစစ်စစ်တွေထက်တောင် ပိုလှနေတဲ့ သူမဟာ လူမှုကွန်ယက်မှာတော့ မေတ္တာတော် အပြည့်အ၀ ခံယူနိုင်ခဲ့ပါကြောင်း။

နတ်စည်တော် (Shwemom)
source : rachfeed.com


Video ကိုကြည့်ရှုရန်လင့် >>> https://www.facebook.com/Spearfishing.Mania/videos/1924109764488135/
အမျိုးသမီးတစ်ဦး ဂဏန်းတွေဘေစင်ထဲထည့်တဲ့ဗီဒီယိုကို ကြည့်ရှုသူ၅သန်းကျော်ခဲ့ အမျိုးသမီးတစ်ဦး ဂဏန်းတွေဘေစင်ထဲထည့်တဲ့ဗီဒီယိုကို ကြည့်ရှုသူ၅သန်းကျော်ခဲ့ Reviewed by Unknown on 2:20 AM Rating: 5

Post AD