ပျဉ်းမနားမြို့တွင် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူသေဆုံး
ပျဉ်းမနားမြို့၊ ပန်းခင်း (၃)ရပ်ကွက်အတွင်းမှာ ဧပြီလ (၁၇)ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့)က လင်မယားချင်း စကားများရာကနေ ယောက်ျားဖြစ်သူက လည်ပင်းညစ်ရာ လက်လွန်ပြီး ဇနီးဖြစ်သူသေဆုံးခဲ့ တယ်လို့ ပျဉ်းမနားမြို့မ ရဲစခန်းကနေ သိရပါတယ်။
အမှုဖြစ်စဉ်နဲ့ပတ်သက်လို့သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ရပ်ကွက်အတွင်းရှိ အလှူအိမ်ကို သွားရောက်ပြီး ပြန်လာစဉ် စကားများရန်ဖြစ်ခဲ့ရာမှ အခုလိုဖြစ်ပွားခဲ့တာလို့ ပျဉ်းမနားမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးတင်ဌေးက စစ်ဆေးတွေ့ ရှိချက်ကို ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် (၁၈) နှစ်ဝန်းကျင် ဖြစ်ပြီး အမျိုးသားကတော့ အသက် (၂ဝ)နှစ်ဝန်းကျင် ဖြစ်တယ်လို့သိရပါတယ်။ အမျိုးသားကို ပျဉ်းမနားမြို့မ ရဲစခန်းက (ပ)နံပါတ် ၄၁၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စခန်းမှူးရဲ့ပြောကြားချက် အရ သိရပါတယ်။
ဒီနှစ်သင်္ကြန်ကာလအတွင်း ပျဉ်းမနားမြို့နယ်မှာ လက်နက်မှု (၁)မှု၊ မူးယစ်ရမ်းကားမှု (၅)မှုနဲ့ ဆိုင်ကယ်ခိုးမှု (၁)မှုဖြစ်ပွားခဲ့ပြီး သင်္ကြန်အကြိုနေ့မှာလည်းဆိုင်ကယ်နှစ်စီး တိုက်ပြီး (၁) ဦး သေဆုံးခဲ့တယ်လို့ စခန်းမှူးရဲ့ ပြောကြားချက်အရသိရပါတယ်။ ဒီသတင်းကို နေပြည်တော် ဗျုရိုက ငြိမ်းချမ်းအောင် ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/

Reviewed by Unknown
on
8:00 AM
Rating:
Reviewed by Unknown
on
8:00 AM
Rating:

Post a Comment