၁၈နှစ်အရွယ် မိန်းကလေးကို ကယ်ရီသမားက ကိုင်းတောထဲခေါ်ပြီး မုဒိန်းကျင့်
ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ် ဧကရဇ်ကျေးရွာတွင် ဧပြီလ (၉) ရက်နေ့  ည (၇) နာရီအချိန်ခန့် က မိခင်ဖြစ်သူအား သွားရောက်ခေါ်ယူသည့် သမီးဖြစ်သူမှာ နေအိမ်သို့ အပြန်အဖော်အဖြစ်လိုက်ပါလာသူက အဓမ္မပြုကျင်ခဲ့၍ မြို့ မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ဧပြီ (၉) ရက် ညနေ (၅) နာရီအချိန် ခန့် က ဧကရဇ်ကျေးရွာနေအသက် (၁၈) နှစ်အရွယ်ရှိမ………မှာ မိခင်ဖြစ်သူနေအိမ်မှ ဆင်းသွားသဖြင့် တစ်ရွာတည်းနေ ဦးအောင်ချစ်(ဘ)ဦးကြည် ၊ ဆိုင်ကယ်ကယ်ရီမောင်းသမားဦးဝင်းနိုင်တို့ နှင့်အတူ မိခင်ဖြစ်သူအား ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် ညဦးပိုင်း (၆)နာရီကျော် အချိန်ခန့် ၌ နောင်ပတ္တရာကျေးရွာဇောင်းတူ တူးမြောင်းလူသွားလမ်းပေါ်တွင်တွေ့ရှိသဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း မိခင်ဖြစ်သူမှနေအိမ်သို့ ပြန်မလိုက်သဖြင့် ဆိုင်ကယ်ကယ်ရီသမားဦးဝင်းနိုင်အား ပြန်လွှတ်လိုက်ပြီး မ……..မှာ အဖော်အဖြစ်လိုက်ပေးသူ ဦးအောင်ချစ်နှင့် အတူနေအိမ်သို့ ပြန်လာခဲ့ရာ ဦးအောင်ချစ်က မ……….အားဇောင်းတူ ဆည်မြောင်းဘေးအနီးရှိ ကိုင်းတောထဲသို့ အတင်းဆွဲခေါ်ကာပါးစပ်ပိတ်၍ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း မြို့ မရဲစခန်း၏ ရဲမှတ်တမ်းများ အရသိရသည်။
၎င်းဖြစ်စဉ်နှင့် ပက်သက်၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ ဧကရာဇ်ကျေးရွာနေဦးအောင်ချစ်(ဘ)ဦးကြည်၊ အသက် (၅၃)နှစ်အား အမှုဖွင့် အရေးယူပေးပါရန်မ…….က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဝေါမြို့ မရဲစခန်းမှ(ပ)၂၅၀/၂၀၁၇ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်ထားပြီး အမှုနှင့် ပတ်သက်သည့် ဦးအောင်ချစ်အား ဖမ်းဆီးရမိထားကြောင်း ဆက်လက်သိရှိရသည်။
Admin -Nyo Gyi
Waw Media
Waw Media
၁၈နှစ်အရွယ် မိန်းကလေးကို ကယ်ရီသမားက ကိုင်းတောထဲခေါ်ပြီး မုဒိန်းကျင့်
Reviewed by Unknown
on
10:33 PM
Rating:
Reviewed by Unknown
on
10:33 PM
Rating:


Post a Comment