Header AD

ရုရှားစစ်သဘောင်္ကြီးများ ခုတ်မောင်းမှု ဗြိတိန်ရေတပ် မျက်ခြည်မပြတ် စောင့်ကြည့်

ရုရှားစစ်သဘောင်္တွေ ဗြိတိန်ရေကြောင်းလမ်းဘက်ဆီ ၆ လအတွင်း တတိယအကြိမ် ခုတ်မောင်းလာလို့ တော်ဝင် ရေကြောင်းတပ်ဟာ ရုရှားစစ်သဘောင်္တွေကို နောက်ယောင်ခံလိုက် ထပ်ကြပ်မကွာ စောင့်ကြည့်နေတယ်လို့ သိရ ပါတယ်။
ဗလာဒီမာပူတင်ရဲ့ ရုရှားစစ်သင်္ဘောတွေက မြောက်ပင်လယ်ကိုဖြတ်ဖို့ ဗြိတိန်ပိုင်နက် ဒိုဗာ ဆိပ်ကမ်းမြို့ဘက်ကို ဦးတည်လာလို့ အင်္ဂလန်နိုင်ငံ ပလေးမက်သ် အခြေပြု ဗြိတိန်ဘုရင်မကြီးရဲ့ ရှေးဟောင်း စစ်သဘောင်္ကြီးတွေက လိုက်ပါစောင့်ကြည့်နေတာပါ။
soobrazitelny နဲ့ Boiky လို့အမည်ရတဲ့ ရုရှားစစ်သဘောင်္တွေကို ဗြိတိန်သဘောင်္တွေက အနီးကပ်မျက်ခြည်မပြတ်ေ စာင့်ကြည့်နေတဲ့ ရုပ်ပုံတွေကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဧပြီလ ၁၅ ရက်နေ့လယ်မှာ ထုတ်လွှင့်လိုက်တာပါ။ ခေတ် မီပုံစံ ၁၀၀ မီတာရှည်တဲ့ ရုရှားစစ်သဘောင်္တွေက ဒုံးကျည်တွေနဲ့ စက်သေနတ် လက်နက်ခဲယမ်းတွေကို သယ်ဆောင်ခဲ့ တာပါ ။ ဒီစစ်သင်္ဘောတွေဟာ ဒိုဗာမြို့ကို ဖြတ်မယ်လို့ ယူဆနေတာပါ

“ရုရှားသဘောင်္တွေက ဗြိတိန်ရေပိုင်နက်ကို ကပ်ပြီး ဖြတ်သန်းလာလို့ ဘုရင်မကြီးရဲ့ သင်္ဘောတွက သေသေချာချာ စောင့်ကြည့်နေတာပါ” လို့ ကာကွယ်ရေး အတွင်းရေးမှူး မိုက်ကယ်ဖယ်လွန်က ပြောခဲ့ပါတယ်။
“တော်ဝင်ရေတပ်က အချိန်ပြည့်စောင့်ကြည့်နေပြီး ဗြိတိန်နိုင်ငံ လုံခြုံဖို့အတွက် အချိန်မရွေး အဆင့်သင့်ပါပဲ” လို့လည်း ကာကွယ်ရေး အတွင်းရေးမှူးက ဖြည့်ပြောတာပါ။

ရုရှားစစ်သဘောင်္တွေက ဘယ်နေရာကို သွားဖို့ ဒီလိုဖြတ်သန်းခုတ်မောင်းတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒက်ခ်ျရေတပ်ကလည်း မြောက်ပင်လယ်ကို ဖြတ်သန်းတဲ့ ရုရှားစစ်သဘောင်္တွေရဲ့ ပုံတွေကို ထုတ်လွှင့်လိုက်တယ်လို့ သိရပါတယ်။
ဗြိတိန်ရေပိုက်နက်ကို ဖြတ်တဲ့ နောက်ဆုံးရိုက်ခတ်မှုက အနောက်အုပ်စုနဲ့ ရုရှားနိုင်ငံတို့အကြား တင်းမာမှု မြင့်မားနေတယ်လို့ သည်ဆန်းရဲ့ ဧပြီလ ၁၅ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

Credit to thadinatin.com

ရုရှားစစ်သဘောင်္ကြီးများ ခုတ်မောင်းမှု ဗြိတိန်ရေတပ် မျက်ခြည်မပြတ် စောင့်ကြည့် ရုရှားစစ်သဘောင်္ကြီးများ ခုတ်မောင်းမှု ဗြိတိန်ရေတပ် မျက်ခြည်မပြတ် စောင့်ကြည့် Reviewed by Unknown on 8:00 AM Rating: 5

Post AD