အမေရိကန်စစ်သင်္ဘောများ ရှေ့တိုးဖြန့်ကျက်လာလျှင် ပစ်ခတ်ရန်အသင့်ဖြစ်နေကြာင်း မြောက်ကိုရီးယားရာဇ သံပေး
ကိုရီးယားကျွန်းဆွယ်ဆီသို့ အမေရိကန်စစ်သင်္ဘောရေယာဉ်စုများ ဖြန့်ကျက်လာပြီးနောက် မြောက်ကိုရီးယားအနေနှင့် အင်အားကြီးမားသော တပ်မတော်ကြီးဖြင့် မိမိတို့ကိုယ်မိမိတို့ ကာကွယ်နိုင်ကြောင်းနှင့် စစ်ပွဲအတွက်မိမိတို့ပြင် ဆင် ထားပြီးဖြစ်ကြောင်း ပြုံယမ်းအစိုးရသတိပေးချက်ကို ဒေးလီးမေးလ် သတင်းဌာနက ယနေ့သတင်းပေးဖော်ပြသည်။
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ် ဘင်ဆန်နှင့် စစ်သင်္ဘောများဦးတည်ခုတ်မောင်းလာပြီးနောက် အမေရိကန်၏ရမ်းကားသော အပြုအမူမှာ နာကျည်းဖွယ်အကျိုးဆက် များသာ ဖြစ်ပေါ်လာစေလိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရကပြောကြားသည်။

Photo: Reuters, AFP, AP

အမေရိကန်၏ မည်သည့်စစ်ကစားမှု့မျိုးကိုမဆို ရနိုင်သမျှနည်းလမ်းများဖြင့် လက်တုန့်ပြန်ရန် မြောက်ကိုရီးယားက အ သင့်ရှိနေကြောင်းဖော်ပြသည်။ ထိုစဉ်အတောအတွင်း တရုပ်နိုင်ငံက ၄င်း၏နယ်စပ်သို့ တပ်ဖွဲ့ဝင် ၁၅၀’၀၀၀ ရွှေ့ပြောင်းေ နရာယူထားပြီး ဒုက္ခသယ်ကယ်ဆယ်ရေးအတွက် အသင့်ရှိသည်ဆို၏။
လွန်ခဲ့သော ရက်သတ္တပတ် ဆီးရီးယားတွင် ဒေါ်နယ်ထရန့်က ဒုံးကျည်များဖြင့် မထင်မှတ်ဘဲ လျှပ်တစ်ပျက်ခဲ့သည်ဖြစ်ရာ ယခုစစ်ရေးတင်းမာလာခြင်းအပေါ် နိုင်ငံတကာ စိုးရိမ်သောကဖြစ်ရန်ဖန်တီးလာရသည်။Photo: Reuters, AFP, AP
အမေရိကန်စစ်သင်္ဘောများ ရှေ့တိုးဖြန့်ကျက်လာလျှင် ပစ်ခတ်ရန်အသင့်ဖြစ်နေကြာင်း မြောက်ကိုရီးယားရာဇ သံပေး
Reviewed by Unknown
on
1:46 AM
Rating:
Reviewed by Unknown
on
1:46 AM
Rating:

Post a Comment