Header AD

နဝဒေးတံတားပေါ်ကခုန်ချတဲ့ ကောင်မလေးရဲ့ နောက်ဆက်တွဲဖြစ်ကြောင်းကုန်စင်

ဖြစ်ပုံအစ ဒီလိုပါ ဧပြီ(၂၁)ရက်နေ့ ညနေ(၆)နာရီ(၂၅) အချိန်ခန့်မှာပြည်မြို့ နဝဒေးတံတား တိုင်အမှတ်(၁)နှင့် (၂) အ ကြားတွင် အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုသေ ကြောင်းကြံစီကာတံတားလက်တန်းပေါ်က ခုန်ချရန် ကြိုးစားခဲ့သည်။
ထိုသို့ တံတားပေါ်က ခုန်ချရန်ကြိုး စားစဉ် နဝဒေးတံတားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များအချိန် မီကယ်တင်နိုင်ခဲ့တယ်လို့ ဦးစွာပထမသိရတယ်။
ထို့နောက် အမျိုးသမီးလေးက တံတားအောက်သို့ခုန် မချလိုက်ပေမဲ့စိတ်ဖိစီးမှုများပြီး သတိမေ့မျောသွားခဲ့ တယ်။ အဲဒါ နဲ့အမျိုးသမီးလေးကို တံတားမှရဲမေတစ်ဦး နှင့်ပြည်သူများဝိုင်းဝန်းမကူပြီး ပရဟိတပါရမီလူမှုကယ် ဆယ်ရေးကားနှ င့်ပြ ည်ဆေးရုံကြီးသို့ပိုပဆောင်ဆေးကုသမှုခံယူခဲ့သည်။
ဆက်လက်၍ ပြည်ဆေးရုံကြီးတွင် အမျိုးသမီးအားသူ ၏ အမည် အဖေ အမေအမည်နှင့်နေရပ်လိပ်စာကိုချော့မေးတော့ လဲမဖြေ ခြောက်မေးတော့လဲဘယ်လိုမှမေး မရဘဲဖြစ်ခဲ့ရသဖြင့် ဓါတ်ပုံလိုက်ပါကူညီသူ နဝဒေးတံ တားမှရဲတပ်ဖွဲ့ ဝင်များ ၊ရယကအဖွဲ့များ၊လူမှုရေးအဖွဲ့ များတော်တော်လေး ဒုက္ခရောက်ခဲ့ရသည်။
၎င်းအမျိုး သမီးအား ဆေးရုံမှဆင်စု ရယကရုံးသို့ခေါ်လာပြီး ပန်း တောင်းရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းဦးမှ လိမ်မာပါးနပ်စွာ ရယကရုံးတွင် ထပ်မံမေးမြန်းရာ အမျိုးသမီး၏အမည် မှာ မအေးသီရိသင်းဖြစ်ပြီး ရခိုင်တွင်(၁၀)တန်းဖြေထား ကြောင်း အစ်မဖြစ်သူများမှ ဆူပူကြိမ်းမောင်းခဲ့သည့်အ တွက် စိတ်ညစ်၍တံတားပေါ်မှခုန်ချရန်ကြိုးစားခဲ့ကြောင်း သိရသည်။
ဒီနောက်မှာတော့ အမျိုးသမီး၏ အမည်ဖြင့် ဆင်စုရပ် ကွက်အုပ်ချုပ်ရေးမှူးမှနယ်မြေအတွင်းသေချာစုံစမ်း မှုပြ လုပ်ရာ မအေးသီရိသင်း၏ဖခင်မှာဦးသိန်း မိချောင်း ရဲကျေးရွာနေထိုင်သူဖြစ်ကြောင်းသိရပြီးညီအစ်ကိုမောင် နှမများ အားမေ အး သီရိသင်း ဆင်စုရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွင် ရောက်ရှိနေကြောင်းအကြောင်းကြားနိုင်ခဲ့သ ည်။
ထို့နောက်၎င်း မအေးသီရိသင်း၏ အမဖြစ်သူမနွယ်နွယ် ထွန်း၊အကိုဖြစ်သူဘိုဘိုသိန်းထွန်းတို့ထံ သက်သေရယ ကများေ ရှ့တွင် ပြန်လည်အပ်နှံခဲ့ကြောင်း ဖြစ်ကြောင်းကုန်စင် အပြည့်အစုံအားဖော်ပြအပ်ပါသည်။
မှတ်ချက်။ ။အဆိုပါ အမျိုးသမီးအား ညီအစ်ကိုေ မာင်နှမများထံ ပြန်လည်အပ်ပေးနိုင်ရန်ကူညီခဲ့ပါသော မြန်မာနိုင်ငံ ရဲတ ပ်ဖွဲ့ ပန်းတောင်မြို့နယ် တံတားရဲကင်း မှရဲကင်းမှူးနှင့်တပ်ဖွဲ့ဝင်ရဲဘော် ရဲမေအားလည်းကော င်း၊ပြည်မြို့မ ရဲစခန်းမှနယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်ေ ဝဇော်အောင်နှင့်နယ်ထိန်းများအားလည်းကောင်း၊ပရ ဟိတပါရမီမှကိုအောင်ထွန်းနှင့်တ ပ် ဖွဲ့ဝင်များကိုလည်း ကောင်း၊ဆင်စုအုပ်ချုပ်ရေးမှူးနှင့်ရယကအဖွဲ့ဝင်များ ကိုလည်းကောင်း ၊ လူမှုရေးစိတ်ဓါတ်ဖြင့်ပါဝင် ကူညီသော ပြည်သူများကိုလည်းကောင်း မိသားစုကိုယ်စား ပြည်သ တင်းမှအထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြော င်း  ပြောကြားအပ်ပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
#ZMT

နဝဒေးတံတားပေါ်ကခုန်ချတဲ့ ကောင်မလေးရဲ့ နောက်ဆက်တွဲဖြစ်ကြောင်းကုန်စင် နဝဒေးတံတားပေါ်ကခုန်ချတဲ့ ကောင်မလေးရဲ့ နောက်ဆက်တွဲဖြစ်ကြောင်းကုန်စင် Reviewed by Unknown on 11:00 PM Rating: 5

Post AD