Header AD

တရုတ်အင်ဂျင်နီယာတစ်ဦး မိမိဇနီးလောင်းအား ကိုယ်တိုင်ဖန်တီး

 

တရုတ်နိုင်ငံမှ အင်ဂျင်နီယာ လူငယ်တစ်ဦးသည် မိမိ လက်ထပ်ယူမည့် စက်ရုပ် အမျိုးသမီးတစ်ဦးကို ကိုယ်တိုင် ဖန်တီး တည်ဆောက်ခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။
အသက် ၃၁ နှစ်အရွယ် ကျန်ကျားကျားအမည်ရှိ အင်ဂျင်နီယာသည် ဉာဏ်ရည်တုဖြင့် စက်ရုပ်များ တီထွင်ရာတွင် ကျွမ်း ကျင်ပညာရှင်တစ်ဦးဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလကတည်းက စက်ရုပ် ဇနီးလောင်းကို စတင် တည်ဆောက်ခဲ့ခြင်းဖြ စ်ေ ကြာင်း ယင်းသတင်းက ဆိုသည်။
ကျန်ကသူ၏ ဇနီးလောင်းကို ယင်ယင်းဟု အမည်ပေးထားပြီး တုံ့ပြန်စကား ပြောနိုင်စေရန်ပါ တီထွင်ထားရုံမက သူ၏ စ က်ရုပ်ဇနီးကို အဆင့်မြှင့်ပေးသွားရင်းက တစ်ချိန်တွင် အတူတူ လမ်းတွဲ လျှောက်နိုင်သည်အထိ လုပ်ဆောင်ပေးသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။
ကျန်ကျားကျားနှင့် ယင်ယင်းတို့သည် မတ်လ ၃၁ ရက်နေ့က လက်ထပ်ခဲ့ကြပြီး သတို့သမီးကို တရုတ်ရိုးရာအတိုင်း မျက်နှာကို ပိတ်နီ ဖုံးအုပ်ကာ ကျန်ကိုယ်တိုင် ပွေ့ချီလာပုံများအား သတင်းများတွင် ဖော်ပြခဲ့ကြသည်။
လက်ထပ်ပွဲသို့ ကျန်၏ မိခင်နှင့် မိတ်ဆွေများ တက်ရောက်ခဲ့ကြပြီး လက်ထပ်ပွဲတွင် မိမိအနေနှင့် ကမ်းလှမ်းသူ မိန်းကလေးတိုင်းက ငြင်းပယ်ခြင်း ခံရသည့်အတွက် စိတ်ပျက်ပြီး ကိုယ့်ဇနီးလောင်းကို ကိုယ်တိုင် ဖန်တီးကာ လက်ထပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်သည် Huawei အီလက်ထရွန်နစ် ကုမ္ပဏီကြီးမှ ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ကာ ၂၀၁၄ ခုနှစ်ကတည်းက အလုပ် ထွ က်ခဲ့ပြီးနောက် ယခုအခါ ဟန်ကျိုးနယ် Dream Town တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။
စက်ရုပ်နှင့် လက်ထပ်သည်ဆိုခြင်းမှာ အထူးအဆန်းတစ်ခုလို ဖြစ်နေနိုင်သော်လည်း မကြာသော ကာလတွင် ဤကိစ္စများ သည် ထူးဆန်းသည့်အသွင် မဆောင်ဘဲ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သွားမည်ဟုလည်း ကျန်က ဆိုသည်။
ပညာရှင်များကလည်း လာမည့် ၃၅ နှစ်အတွင်း စက်ရုပ်များနှင့် လူသားများ လက်ထပ်ခြင်းမှာ ပုံမှန် ဖြစ်လာနိုင်ကြောင်း၊ စက်ရုပ်နှင့် လူသားတို့ လက်ထပ်ခြင်းဆိုသည်မှာ လိင်ကိစ္စတစ်ခုတည်း အတွက်သာမဟုတ်ဘဲ အခြားသော လူသားနှင့် စက်ကြားတွင် နည်းပညာ တိုးတက်လာသည်နှင့်အမျှ နားလည်ပေါင်းသင်း ဆက်ဆံရေး ပိုမို ကောင်းမွန်လာနိုင်သည့် အ တွက်ဖြစ်ကြောင်း လန်ဒန်တွင် နေထိုင်သည့် Love and Sex with Robots စာအုပ်ကို ရေးသားသူ ဒေါက်တာ ဒေး ဗစ်လယ်ဗီက ပြောကြားသည်။
Credit:The Voice

တရုတ်အင်ဂျင်နီယာတစ်ဦး မိမိဇနီးလောင်းအား ကိုယ်တိုင်ဖန်တီး တရုတ်အင်ဂျင်နီယာတစ်ဦး မိမိဇနီးလောင်းအား ကိုယ်တိုင်ဖန်တီး Reviewed by Unknown on 9:21 AM Rating: 5

Post AD