Header AD

သာကေတမြို့နယ်မှာ မူးယစ်ဆေးဝါးရုတ်တရက်ဝင်ရောက် ဖမ်းဆီး၊ ၈ဦးဖမ်းမိ

ရန်ကုန်။ ဧပြီ ၁၈ – သာကေတမြို့နယ် မှာမူးယစ်ဆေးဝါး နဲ့ပတ်သတ်ပြီး သတင်းရရှိတာကြောင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ သည်ကနေ့ မှာ ရုတ်တရက် ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ အတူ၈ဦးဖမ်းဆီး ရမိခဲ့တယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်းများကိုသိမ်းဆည်းပြီးတိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို တိုက်ရိုက်ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သာကေတမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းကပြောပါတယ်။ “အရေအတွက်လည်း မသိရသေးဘူး။အမျိုးအစားတွေလည်း သေချာမသိရသေးဘူး။
အခုဖမ်းမိတဲ့ လူတွေကိုလည်း သေချာ စစ်ဆေးရဦးမှာ”လို့ ဦးအောင်ဆန်းဝင်းကပြောပါတယ်။
ဖမ်းဆီးရမိတဲ့လူတွေမှာ သာကေတမြို့နယ် ၆ အနောက်ရပ်ကွက် မှ အမျိုးသား ၆ယောက်နဲ့ ၊၉ရပ်ကွက်မှ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့သိရပါတယ်။
Author မို့မို့သန္တာ

သာကေတမြို့နယ်မှာ မူးယစ်ဆေးဝါးရုတ်တရက်ဝင်ရောက် ဖမ်းဆီး၊ ၈ဦးဖမ်းမိ သာကေတမြို့နယ်မှာ မူးယစ်ဆေးဝါးရုတ်တရက်ဝင်ရောက် ဖမ်းဆီး၊ ၈ဦးဖမ်းမိ Reviewed by Unknown on 4:59 AM Rating: 5

Post AD