Header AD

ဘုရားဆင်းတုတော်ကို အသေအချာဝတ်ပြုပြီးမှ ရတနာဖြုတ် ခိုးတဲ့ သူခိုး

သည်ဘုရားကျောင်းမှာ ၂၀ဝ၉ ခုနှစ်ကတည်းက ၁၃ ကြိမ် အခိုးခံခဲ့ရပါတယ်။
ဧပြီ ၁၇ – ဘန်ကာက်ရဲ့ Soi Ram -Inthra 46 ရှိ Wat Boon-sri Muneekornမှာ သူခိုးတစ်ယောက်က ဉာဏ်တော်လေးမီတာရှိ ထုလုပ်ဆဲ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူရှေ့မှာ ဝတ်ပြုရှိခိုးပြီးမှရုပ် ပွားတော်ဆီက ကျောက်မျက်ရတနာ သုံးမျိုးကို ဖြုတ်ခိုးခဲ့တယ်လို့ သိရပါတယ်။
အခိုးခံရတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဘတ် ၂၀ဝ,ဝ၀ဝ ခန့်ရှိတယ် လို့ ကျောင်းထိုင်ဆရာတော် မဟာချာနွန်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ဘုရားကျောင်းရဲ့ လုံခြုံရေးကင်မရာမှာတော့ သူခိုးဖြစ်သူဟာ စနေနေ့ည ၁၁း၃၀ နာရီလောက်မှာ ရုပ်ပွားတော်ရှိရာ မှန်ခန်းကို လက်အိတ်တွေစွပ်ပြီး ကိရိယာတွေနဲ့ ဖောက်ထွင်းခဲ့တာတွေ့ရပါ တယ်စိတ်တည်ငြိမ် အောင်နေခဲ့ပုံရပြီး ရုပ်ပွားတော်ရှေ့မှာ ဝတ်ပြုပြီးမှ ဖြုတ်ခိုးခဲ့တာတွေ့ရတယ်လို့ ဘုန်းတော်ကြီး ချာလတ်က ပြောပါတယ်။
သည်ဘုရားကျောင်းမှာ ၂၀ဝ၉ ခုနှစ်ကတည်းက ၁၃ ကြိမ် အခိုးခံ ခဲ့ရပြီး ဗုဒ္ဓရုပ်ပွားတော်အဆူ ၁၀ဝ လောက်ပါသွားခဲ့ပါတယ်။ ဖမ်းမိတာလည်းမရှိသေးဘူးလို့ သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက်ကလည်း တန်ဆောင်းတစ်ခုထဲက ဆင်းတုတော် နှစ်ဆူအခိုးခံခဲ့ရတာကြောင့် လုံခြုံရေးကင်မရာတွေတပ်ဆင်ခဲ့ ရတာဖြစ်တယ်လို့ သိရပါတယ်။
YSD
ဘုရားဆင်းတုတော်ကို အသေအချာဝတ်ပြုပြီးမှ ရတနာဖြုတ် ခိုးတဲ့ သူခိုး  ဘုရားဆင်းတုတော်ကို အသေအချာဝတ်ပြုပြီးမှ ရတနာဖြုတ် ခိုးတဲ့ သူခိုး Reviewed by Unknown on 3:09 AM Rating: 5

Post AD