Header AD

ယုဇနပလာဇာမှာ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ခြေထောက်စက်လှေကားညှပ်ပြီး ဒဏ်ရာပြင်းထန်

ရန်ကုန်။ ဧပြီ ၂၆ – ယုဇနပလာဇာမှာ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးရဲ့ ခြေထောက် စက်လှေကားညှပ်ပြီးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီငါးနှစ်အရွယ်ကလေးငယ်ဟာ ဧပြီလ ၂၅ ရက်နေ့ နေ့လည်ပိုင်း မှာ မိခင်ဖြစ်သူနဲ့ အတူ ယုဇနပလာဇာ မှာ ဈေးဝယ်ထွက်လာတာဖြစ်ပါတယ်။ အဲဒီနောက် စက်လှေကားအဆင်းမှာ ညှပ်မိတာဖြစ်ပြီး အတန်ကြာ အောင်ဆွဲထုတ်လို့ မရတာကြောင့် ယုဇနပလာဇာဝန်ထမ်းတွေက ကြက်ခြေနီအသင်းကို အကြောင်းကြားခဲ့ရတယ်လို့သိရပါတယ်။
“ကလေးရဲ့ခြေဖနောင့်အနောက်ကို စက်လှေကားခြေနင်းသံပြားက စိုက်ဝင်သွားတာ ခြေထောက်ကို ပြန်ထုတ်ရတာတင် အချိန်နာရီဝက်လောက်ကြာသွားတယ်။ ခြေထောက်က တော်တော်လေး နက်သွားတယ် သွေးလည်းတော်တော်ထွက်သွားတယ်” လို့ ရှင်သန်ရေး ကူညီမှုအသင်းမှ အတွင်းရေးမှူး ဒေါ်ရွှေကြာက ပြောပါတယ်။
ညာဘက် ခြေထောက်မှာဒဏ်ရာရသွားတဲ့ကလေးငယ်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
Author ဝင်းနန္ဒာ
ယုဇနပလာဇာမှာ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ခြေထောက်စက်လှေကားညှပ်ပြီး ဒဏ်ရာပြင်းထန် ယုဇနပလာဇာမှာ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ခြေထောက်စက်လှေကားညှပ်ပြီး ဒဏ်ရာပြင်းထန် Reviewed by Unknown on 12:00 AM Rating: 5

Post AD