ဆီးရီးယား စစ်လေယာဉ်များပေါ်မှ ဗုံးကြဲချသည့် ရုပ်သံ ထွက်ပေါ်
ဆီးရီးယား နိုင်ငံအတွင်း လတ်တမ်နယ်နဲ့ ကက်ဖှာဇီတာ မြို့တွေကို ပြန်သိမ်းဖို့ အစိုးရ တပ်တွေက စစ်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပုံ ရုပ်သံကို ဧပြီ ၂၁ ရက်နေ့က လူမှုကွန်ရက် မီဒီယာပေါ် တင်ခဲ့ကြပါတယ်။
ဒုံးကျည်တွေ လတ်တမ်နယ်မြို့က အဆောက်အဦတွေပေါ် ကျလာတာကို ရုပ်သံတခုက ပြထားပါတယ်။
နောက်ရုပ်သံတခုမှာ လတ်တမ်နယ်မြို့ မြောက်ဘက် လေးမိုင်အကွာက ကတ်ဖှာ ဇီတာ မြို့ပေါ်ကို စည်ပိုင်းဗုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေပုံကို ရိုက်ကူးပြသထားပါတယ်။
ဧပြီ ၂၀ ရက်နေ့က ဆီးရီးယား စစ်တပ်ဟာ အနားက တေဘတ် အယ်လ် အိုင်မန်မြို့ကို စီးနင်းခဲ့တယ်။
ဒမတ်စကတ်နဲ့ အလဲ့ပိုမြို့တွေကြားက ဗျူဟာမြောက် အနောက်ပိုင်း အဝေးပြေး လမ်းမကြီးတလျှောက် ပိုင်နက်ကို တိုးချဲ့ခဲ့တယ်လို့ စစ်တပ်နဲ့ သူပုန်တွေက ပြောပါတယ်။
သူပုန်တွေ တပ်စွဲထားတဲ့ M5 အဝေးပြေး လမ်းတလျှောက် ကျယ်ပြန့်တဲ့ နယ်မြေတလွှားမှာ အစိုးရတပ်တွေဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု စစ်ကူကို အကြီးအကျယ် ရထားတယ်လို့ သူပုန်တွေက ပြောပါတယ်။

Reviewed by Unknown
on
2:54 AM
Rating:
Reviewed by Unknown
on
2:54 AM
Rating:

Post a Comment