Header AD

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းတပ်ကြပ်ကြီး မိုက်ကယ် ကွယ်လွန်





ရန်ကုန်၊ ဧပြီ ၁၇

၁၅.၄.၂၀၁၇ ရက်နေ့ ၂၀၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုတွင် တာဝန် ထမ်း ဆောင်နေသော တပ်ကြပ်ကြီး မိုက်ကယ် အသက် (၅)နှစ် (၄)လမှာ အစာအိမ်သွေးကြောပေါက်၍ သေဆုံး သွားကြောင်း သိရှိရသည်။

၎င်းမှာ ၂၀၁၂ ခုနှစ် မတ်လအတွင်းက ဂျာမဏီနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့တို့ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တွေ့ဆုံစဉ် ၅ လသားအရွယ်ရှိ ဂျာမန်ရှပ်ပတ်အယ်ဇေးရှင်းအမျိုးအစား မိုက်ကယ်အားပေးအပ်
ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ဒုတိယ အပတ်တွင် အမှတ်(၁) စစ်ဖက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်း ၌ဖွင့်လှစ်သော သင်တန်း
အမှတ်စဉ် (၁၀/၂၀၁၂)သို့ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေရေး သင်တန်းကို တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အမှတ်(၁၈)လုံခြုံရေး
ရဲတပ်ဖွဲ့ခွဲ မိုင်းတပ်စုတွင် တပ်ကြပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းနောက် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်
Sea Games တွင်လည်း မိုင်းရှင်းလင်းရေးတာဝန်များ ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။

၂.၂.၂၀၁၄ခုနှစ်တွင် တပ်ကြပ်ကြီး မိုက်ကယ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မိုင်းရှင်းတပ်စုတွင် တာဝန်ထမ်းဆောင်စဉ် တပ်ကြပ်ကြီး မိုက်ကယ်မှာ မြန်မာနိုင်ငံသို့ လာရောက်သော အရေးကြီးပုဂ္ဂိုလ်များ၊ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ၂၀၁၅ ခုနှစ်တွင်
လည်း နေပြည်တော်၌ ကျင်းပပြုလုပ်သော အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေးပွဲ အခမ်းအနားများတွင် မိုင်းရှာဖွေရှင်းလင်းခြင်းလုပ်ငန်း
တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။

တပ်ကြပ်ကြီး မိုက်ကယ်မှာ ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်တွင် ပြည်သူများ အန္တရာယ်ကင်းရှင်း စွာဖြင့် စိတ်အေး ချမ်းမြေ့ပျော်ရွှင်စွာရေကစားနိုင်
ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ကြန်မဏ္ဍပ်များ သို့မိုင်းရှာဖွေခြင်း လုပ်ငန်းများကို တာဝန်ထမ်း ဆောင်နေစဉ် ၁၃.၄.၂၀၁၇ရက်နေ့တွင် အစာအိမ်သွေးကြောယောင်ပြီး သွေးဝမ်းများသွားသဖြင့် တိရိစ္ဆာန်ကုဆေးခန်းသို့ တက်ရောက်ကုသသော်လည်း တပ်ကြပ်ကြီး မိုက်ကယ်မှာ အစာအိမ် သွေးကြော ပေါက်ပြီး ၁၅.၄.၂၀၁၇ ရက်နေ့ ၂၀၃၀ အချိန်တွင်
သေဆုံးသွားခဲ့ပါသည်။

၎င်းအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များက တပ်ဖွဲ့
အတွက် တာဝန်ကိုကျေပွန်စွာထမ်းဆောင် ခဲ့သည့် တပ်ကြပ်ကြီး မိုက်ကယ်အား ကောင်းမွန်စွာသင်္ဂြီုလ်ပေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
တပ်ကြပ်ကြီး မိုက်ကယ်အားကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာပေးပို့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Ref : Yangon Police

Photos - Yangon Police + Kyi Phyu Shinn

The Ladies News
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းတပ်ကြပ်ကြီး မိုက်ကယ် ကွယ်လွန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းတပ်ကြပ်ကြီး မိုက်ကယ် ကွယ်လွန် Reviewed by Unknown on 12:49 AM Rating: 5

Post AD