Header AD

အလှူတွေပြုလုပ်နေတဲ့ဝတ်မှုန်ရွှေရည် သင်္ကြန်မတိုင်ခင်ဘာလုပ်မလဲ

ဝတ်မှုန်ရွှေရည်ရဲ့အလှူ
ရန်ကုန် ၊ ဧပြီ ၊ ၈
ဝတ်မှုန်ေ၇ွှရည်က သီလရှင်ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများကို အသုံးဆောင်ပစ္စည်းအချို့နှင့် အန်ရှူးဝါးနို့မှုန့် ရယ် ပရိသတ်တွေနှင့်အတူု မုန့်လုံးရေပေါ်ကုသိုလ်ဒါန ပြုလုပ်ခဲ့ပါတယ်။

” ဒီပွဲက ကစ်ပရိသတ်တွေနဲ့ အလှူလေးလုပ်ချင်တာပါ၊သင်္ကြန်မတိုင်ခင်လေးအလှူလေးလုပ်ချင်တယ် ပရိ သတ်တွေနဲ့ တွေ့ချင်တယ် ပရိတ်သတ်တွေနဲ့ပေါင်းပြီးလုပ်တဲ့ ကုသိုလ်သဘောမျိုးပါ။
ဒီကျောင်းကိုရွေးချယ်ဖြစ် တာက ဒီကျောင်းမှာ ကုသိုလ်လာလုပ်တဲ့ သူနည်းတယ် စွန့်ပစ်ခံ အဘိုး၊အဘွားတွေနဲ့ အချို့ကသားသမီးတွေ မ၇ှိတော့လို့ ရက်ကွက်ကလာပို့ထားတဲ့ အဘိုးအဘွားတွေလည်းရှိပါတယ်၊
နာမကျန်းဖြစ်နေတဲ့ အဘိုးအဘွား တွေများတယ်၊ ဆေးဝါးနဲ့ အဟာရထောက်ပံ့မှုတွေ အများကြီးလိုအပ်ပါတယ်။ အခုလိုလာလုပ်တဲ့အခါမှာအဘိုး၊ အဘွားတွေ ပျော်နေတာမြင်ရတော့ ၀မ်းနည်းဝမ်းသာဖြစ်မိတယ်။
ကစ်ရဲ့ ဆုံးသွားတဲ့အဘိုးကိုလည်း သတိရ တယ်၊အဓိက လှူဖြစ်တာတွေက အသုံးအဆောင်အချို့နဲ့ အန်၇ှူးဝါးနဲ့ပါ ကစ်ပရိသတ်တွေ ကိုယ်တိုင်လုပ် ထားတဲ့ မုန့်လုံးရေပေါ်လည်း ဒါနပြုသွားမှာပါလို့ ”
သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ကပြောပါတယ်။

အခုလိုအလှူပြုလုပ်နိုင်တာဟာ ပရိသတ်တွေကျေးဇူးကြောင့်ဖြစ်ပြီး အခုချိန်ထိရပ်တည်နိုင်အောင် အားပေး ကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ပြောပါတယ်။ စိတ်ကူးရှိတိုင်းအလှူကို
လုပ်ဖြစ်နေမှာ ဖြစ်ြ့ပီး နောက်ထပ် တတ်နိုင်သလောက်လုပ်သွားဖို့ရှိတယ်လို့သိရပါတယ် ။ဧပြီလ၊၉ရက်၊တင်္နဂနွေနေ့တွင် ဂျပန်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဆွမ်းကျွေးနှင့် ကုသိုလ်ပြုလုပ်သွားဖို့၇ှိပါတယ်။သင်္ကြန်မတိုင်ခင်
တရားစခန်းဝင်မှာဖြစ်ပြီး ရက်အတိအကျမသိရှိသေးဘူးလို့ ပြောပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနှင့် ကားရိုက်တွေနား ထားပြီး၊ သင်္ကြန်ပြီးရင် ရုပ်ရှင်ကားကြီးတွေ၇ိုက် သွားဖို့ရှိတယ်လို့ သိရပါတယ်။

author မိပုံ့



အလှူတွေပြုလုပ်နေတဲ့ဝတ်မှုန်ရွှေရည် သင်္ကြန်မတိုင်ခင်ဘာလုပ်မလဲ အလှူတွေပြုလုပ်နေတဲ့ဝတ်မှုန်ရွှေရည် သင်္ကြန်မတိုင်ခင်ဘာလုပ်မလဲ Reviewed by Unknown on 3:32 AM Rating: 5

Post AD