Header AD

ကျေးရွာတွေလမ်းဘဏ္ဍာငွေသုံးစွဲမှု တိုင်ကြား

ကျေးရွာလမ်းဘဏ္ဍာငွေသုံးစွဲမှု ဆိုင်းဘုတ်ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ကျေးရွာအုပ်စု ၄ ခု ရဲ့ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျပ်သိန်းပေါင်း ၂၇၀၀ ကျော်ကို နိုင်ငံတော်က ခွင့်ပြုခဲ့ရာမှာ ကျပ်သိန်း ရှစ်ရာ ကျော်ကိုသာ သုံးစွဲခဲ့တာကြောင့် ပိုငွေ ကျပ်သိန်း ၁၉၀၀ ကို ရှင်းလင်းပေး ဖို့ ဒေသခံတွေကို ကိုယ်စားအဖွဲ့တစ်ခုက နိုင်ငံတော်အတိုင်ပင်ပင်ခံရုံးကို စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်း ၁၉၀၀ ကျော်ကို ကွာဟနေတဲ့အပေါ် အမြန်ဆုံးရှင်းလင်းပေးဖို့ ဒေသခံတွေ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကို မနေ့က စာပေးပို့လိုက်တယ်လို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့ လာစောင့်ကြည့်နေတဲ့ လယ်နောင်ကျေးရွာအုပ်စုက ဦးသိန်းဝင်းက ပြောပါတယ်။

မန်လည်ရွာလမ်းအတွက် ခွင့်ပြုငွေ သိန်း ခုနှစ်ရာကျော်မှာ ကျပ်သိန်း သုံးရာသုံးစွဲထားပြီး၊ ဆိပ်သာရွာလမ်းအတွက် ကျပ်သိန်း တစ်ထောင့်ငါးရာကျော်မှာ ကျပ်သိန်းလေးရာကျော်ကိုသာ သုံးစွဲခဲ့ပါတယ်။

ဒါ့အပြင် လယ်နောင်ရွာလမ်းအတွက် ကျပ်သိန်း တစ်ရာ့ခုနှစ်ဆယ်ကျော်မှာ သိန်း ၇၀ ကိုသုံးစွဲခဲ့ပြီး မြောက်ရွာ တံတားအတွက် ကျပ်သိန်း ၂၉၀ မှာ ကျပ်သိန်း ၁၉၀ ကိုသာ အသုံးပြုဆောက်လုပ် ခဲ့ကြောင်းကို စိစစ်တွေ့ရှိ ရတယ်လို့ ဆိုပါတယ်။

ကျေးလက်လမ်းတစ်လမ်းအတွက် ပေ ၄၀ အကျယ်သတ်မှတ်ထားပေမဲ့ တချို့လမ်းတွေဟာ ၂၆ ပေသာ ရှိတဲ့အတွက် အရည်အသွေးစံနှုန်းနဲ့ မကိုက်ညီတဲ့ လမ်းတချို့ကိုလည်း လေ့လောတွေ့ရှိရ တယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျေးရွာတွေလမ်းဘဏ္ဍာငွေသုံးစွဲမှု တိုင်ကြား ကျေးရွာတွေလမ်းဘဏ္ဍာငွေသုံးစွဲမှု တိုင်ကြား Reviewed by Unknown on 8:05 AM Rating: 5

Post AD