ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ၃ လတွင်း ၂၉ ဦးသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၇ ခုနှစ်မှာ စုစုပေါင်း ၃ လအတွင်း ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၁၁၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ဦးလောက်ရှိခဲ့တယ်လို့ နေပြည်တော် အမြန်လမ်း မကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရပါတယ်။
မတ်လအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၅၇ ကြိမ်ရှိပြီး ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၁၅ ကြိမ်၊ အိပ်ငို က်ပြီး မောင်းနှင်ခြင်းကြောင့် ၉ ကြိမ်၊ လမ်းဖြတ်ကူးသူ ပေါ့ဆခြင်းကြောင့် ၅ ကြိမ်၊ ဆိုင်ကယ်ပေါ့ဆမှုကြောင့် ၆ ကြိမ်၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ၁၀ ကြိမ်၊ ယာဉ်ဘီးပေါက်ခြင်းကြောင့် ၉ ကြိမ်၊ စက်ချို့ယွင်းခြင်းကြောင့် ၃ ကြိမ်ဖြင့် စုစုပေါင်း ၅၇ ကြိမ်အထိ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ အများဆုံးဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၅၃ ဦး၊ မ ၄၅ ဦး၊ စုစုပေါင်း ၉၈ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကုန်ဆုံးခဲ့တဲ့ သုံးလမှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မေ တ်ာတဆမှု၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၃၆ ကြိမ်ဖြစ် ပွားခဲ့ရာ ကျား ၅ ဦး၊ မ ၇ စုစုပေါင်း သေဆုံးသူ ၁၂ ဦး၊၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ဦး၊ ဖေဖော်ဝါရီလတွင် ယာဉ်မတော် တဆမှုပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့ရာ၊ ကျား ၃ ဦး၊ မ ၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးရှိခဲ့ ပါ တယ်။
၂၀၁၇ ခုနှစ်အတွင်း ၃ လအတွင်း အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုကြောင့် တလ ပျမ်းမျှ ၁၀ ခန့် အသက်ဆုံးရှုံးပြီး တလလျှင် ၆၆ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယာဉ်မတော်တဆမှု တလလျှင် အကြိမ်ရေ ပျမ်းမျှ ၃၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။
သတင်း – ကျော်အောင်(ကညွတ်ကွင်း)
Credit to DVB
မတ်လအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၅၇ ကြိမ်ရှိပြီး ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၁၅ ကြိမ်၊ အိပ်ငို က်ပြီး မောင်းနှင်ခြင်းကြောင့် ၉ ကြိမ်၊ လမ်းဖြတ်ကူးသူ ပေါ့ဆခြင်းကြောင့် ၅ ကြိမ်၊ ဆိုင်ကယ်ပေါ့ဆမှုကြောင့် ၆ ကြိမ်၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ၁၀ ကြိမ်၊ ယာဉ်ဘီးပေါက်ခြင်းကြောင့် ၉ ကြိမ်၊ စက်ချို့ယွင်းခြင်းကြောင့် ၃ ကြိမ်ဖြင့် စုစုပေါင်း ၅၇ ကြိမ်အထိ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ အများဆုံးဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၅၃ ဦး၊ မ ၄၅ ဦး၊ စုစုပေါင်း ၉၈ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကုန်ဆုံးခဲ့တဲ့ သုံးလမှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မေ တ်ာတဆမှု၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ၃ လအတွင်း အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုကြောင့် တလ ပျမ်းမျှ ၁၀ ခန့် အသက်ဆုံးရှုံးပြီး တလလျှင် ၆၆ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယာဉ်မတော်တဆမှု တလလျှင် အကြိမ်ရေ ပျမ်းမျှ ၃၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။
Credit to DVB
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ၃ လတွင်း ၂၉ ဦးသေဆုံး
Reviewed by Unknown
on
11:43 PM
Rating:
Reviewed by Unknown
on
11:43 PM
Rating:

Post a Comment