အဖေအရင်းကို မကျေနပ်လို့ ၆ နှစ်လုံးလုံး အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲပြီး အမှုဖွင့်တဲ့ သမီးအရင်း ..!
UKက ဖခင်တစ်ဦးဟာ သမီးဖြစ်သူရဲ့ မဟုတ်မမှန် အဓမ္မမှုဖြင့် တရားစွဲခဲ့မှုကြောင့် တရားရုံးရောက်ခဲ့ရပါတယ်။ သူမရဲ့ သမီးက ဖခင်အနေနဲ့ သူမကို၆နှစ်တာကာလလုံး အဓမ္မပြုကျင့်ခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း မဟုတ် မှန်ကြောင်းငြင်းဆိုခဲ့ပါတယ်။
ဖခင်ရဲ့ရှေ့နေဖြစ်သူ Cathy McCullochက တရားခွင်မတိုင်မီ တစ်ပတ်ခန့်အလိုအမှာ အရေးကြီးတဲ့အရာတစ်ခုကိုသတိပြုမိခဲ့ပါတယ်။အဲ့ဒါကတော့သမီးဖြစ်သူပြောပြတဲ့အကြောင်းအရာတွေဟာ အင်္ဂလန်စာရေးစရာ E.L Jamesရဲ့ အရောင်းရဆုံး လိင်စိတ်တက်ကြွစေတဲ့အခန်းတွေပါတဲ့ ဝတ္ထု Fifty Shades of Grey ထဲက အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေခြင်းဖြစ်ပါတယ်။ Fifty Shades of Grey ထဲက ဇာတ်ကွက်တွေအတိုင်း လုပ်ကြံပြီးဖခင်ကိုတရားစွဲထားတာကို သတိထားမိခဲ့ပါတယ်။

ရှေ့နေဖြစ်သူ စသတိထားမိတာကတော့ သမီးဖြစ်သူရဲ့ ပြောစကားတွေပါ။ ငယ်ရွယ်တဲ့သမီးဖြစ်သူ နှုတ်ကထွက်လာတဲ့စကားတွေဟာအသက်အရွယ်နဲ့နှိုင်းယှဉ်ရင်အရမ်းရင့်ကျက်ပုံပေါက်နေခဲ့တာဖြစ်ပါတယ်။ သမီးဖြစ်သူဟာ ဖခင်ဖြ စ်သူလုပ်ခဲ့တဲ့အရာတွေကို ပြောပြရုံသာမက သူဘယ်လိုခံစားရတယ်ဆိုတဲ့ ခံစားချက်တွေကိုပါ အတိအကျေ ဖ်ာပြခဲ့ တာဖြစ်ပါတယ်။

Fifty Shades of Grey ထဲမှ ဇာတ်ဝင်ခန်းတစ်ခု
ရှေ့နေဟာ ဖခင်ဖြစ်သူနဲ့ စကားပြောပြီး သိပ်မကြာခင်မှာပဲသမီးဖြစ်သူရဲ့အ ကြိုက်ဆုံးစာအုပ်ဟာ Fifty Shades of Grey ဖြစ်နေတာကိုသိခဲ့ရပါတယ်။ ဒါ့ကြောင့် McCullochဟာ စာအုပ်တစ်အုပ်ကိုရအောင်ဝယ်ပြီး အစအဆုံးဖတ်ခဲ့
ပါတယ်။ ဖတ်အပြီးမှာတော့ အမှုနဲ့စာအုပ် နေရာတော်တော်များများမှာ တူနေတာတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာေ တာ့ တိုက်ဆိုင်မှု ၁၇ခုကို အသေးစိတ်ဖော်ထုတ်ခဲ့ပါတယ်။
နောက်နေ့မှာတော့ သမီးဖြစ်သူနဲ့ စကားပြောခဲ့ပြီး ၇မိနစ်လောက်လေ့လာခဲ့ပါတယ်။ မကြာခင်မှာပဲ သမီးဖြစ်သူဟာ အသားတွေတုန်လာပြီး သူမဟာ လုပ်ကြံခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမအနေနဲ့ သူမအဖေကို စိတ်ဆိုးနေ တာဖြစ်ပြီး သူမအဖေကို သင်ခန်းစာပေးချင်လို့ ဒီလိုလုပ်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။

သူမအနေနဲ့အဖေဖြစ်သူက စည်းကမ်းတင်းကြပ်လွန်းတာကြောင့် သူမဘဝကို ဖျက်ဆီးသလိုဖြစ်နေတာကို သည်းမခံနို င်ဖြစ်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် Fifty Shades of Grey အပါအဝင်အခြားစာအုပ်တွေထဲက ဇာတ်လမ်းတွေ ကိုကိုးကားပြီး ဇာတ်လမ်းဆင်ခဲ့တာလို့ဆိုပါတယ်။
တရားသူကြီးကတော့ အမှုကိုကြေအေးခွင့်ပေးခဲ့ပါတယ်။ သူ့တစ်သက်တာမှာ ဒါမျိုးအမှုတစ်ခါမှ မတွေ့ဖူးကြောင်း နော က်ပိုင်းမှာ တရားသူကြီးကဝန်ခံခဲ့ပါတယ်။ ရှေ့နေMcCullochက ဒီအကြောင်းတွေကို သူ့ဝက်ဘ်ဆိုဒ်မှာ တင်ခဲ့တာဖြ စ်ပြီးတရားလို၊ တရားခံ၊ တွေရဲ့အမည်၊ ရု့ပ်ပုံတွေကို အလုပ်သဘောအရ ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။
Source: washingtonpost, thesun, indenpendent
ဖိုးသူတော် (www.phothutaw.com)
Credit: Sunthit

Reviewed by Unknown
on
7:02 AM
Rating:
Reviewed by Unknown
on
7:02 AM
Rating:

Post a Comment