Header AD

လပွတ္တာမှာ လေဆင်နှာမောင်းကြောင့် နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများ ပျက်စီး

လပွတ္တာမှာ လေဆင်နှာမောင်းကြောင့် နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများ ပျက်စီး
၁၆၊ဧပြီ၊ရန်ကုန်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများ ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီကနေသိရပါတယ်။
လေဆင်နှာမောင်းဟာ ဧပြီလ ၁၅ရက်နေ့  ည၈နာရီမှာတိုက်ခတ်ခဲ့တာဖြစ်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တွေက ဧပြီလ ၁၆ရက်နေ့ မနက်ပိုင်းမှာ လေဘေးဒုက္ခသည်တွေကိုရွေ့ ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ဓနိကာ၊ဝါးကြမ်းခင်းနေအိမ် ၂၇လုံး ( ပြိုကျပျက်စီး)၊ဓနိမိုး၊ပျဉ်ကာ၊ပျဉ်ခင်းနေအိမ် ၈လုံး (အမိုးလန်)၊သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း ခရစ်ယာန်နှစ်ခြင်းကျောင်း ၁ကျောင်း (နံရံများပြိုကျ)ဓနိမိုး၊ဓနိကာ၊မြေစိုက်(ခရစ်ယာန်ဓမ္မာရုံး) ၁လုံး ( ပြိုကျပျက်စီး)ခဲ့တယ်လို့ သိရပါတယ်။
နီးစပ်ရာဆွေမျိုးများနေအိမ်တွေကိုရွေ့ပြောင်းပေးရတဲ့ဒုက္ခသည်အိမ်ထောင်စု ၃၅စု မှ ကျား ၇၂ဦး၊ မ ၅၃ဦး၊ စုစုပေါင်း ၁၂၅ဦးရှိတယ်လို့ သိရပါတယ်။
လပွတ္တာမှာ လေဆင်နှာမောင်းကြောင့် နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများ ပျက်စီး လပွတ္တာမှာ လေဆင်နှာမောင်းကြောင့် နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများ ပျက်စီး Reviewed by Unknown on 4:32 AM Rating: 5

Post AD