အလေးချိန် 392 ပေါင်၊ အရှည်8ပေရှိငါးမန်းကို အပျော်တမ်းတံငါသည် နှစ်ယောက်မှ ဖမ်းဆီးနိုင်ခဲ့
ဗြိတိန် Cornwall ကမ်းရိုးတမ်းနဲ့ ပေ 350 အကွာမှာ ငါးမန်းဖြူမျိုးရင်းဝင် Porbeagle အမျိုးအစား ငါးမန်းတစ်ကောင် ကို အပျော်တမ်း ငါးဖမ်းသမားနှစ်ယောက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ ငါးမန်းကြီးဟာ ကမ်းခြေနဲ့ နီးစပ်ရာကို အစာ လာရှာ ပုံရပြီး၊ ကမ္ဘာလှည့်ခရီးသွား တော်တော်များများကတော့ ဒီအန္တရာယ်ကို မရိပ်မိကြပါဘူး။
Shwemom မှကူးယူဖော်ပြသည်
ဒီငါးမန်းကို ဖမ်းမိခဲ့သူတွေကတော့ Sam Narbett (39)နှစ်နဲ့ မိတ်ဆွေဖြစ်သူ Ian Tyldesley (55)နှစ်တို့ ဖြစ်ကြ ပါတယ်။ သူတို့နှစ်ယောက်ဟာ ငါးမန်းကို ဖမ်းဆီးနိုင်ဖို့ ငါး ပင်ပန်းသွားအောင် မိနစ် 90 ခန့် အချိန် ဖြုန်းတီးခဲ့ရပါတယ်။ ငါးမန်းဟာ 28 စတုံ အလေးချိန်ရှိပြီး၊ 8 ပေ အရှည်ရှိပါတယ်။
Ian က "ငါးက အတော်လေးကို သန်မာပါတယ် … သူ့ကို ဆွဲလိုက် တင်းလိုက် လုပ်ရလွန်းလို့ လက်မောင်းတွေတောင် ကိုက်နေပါပြီ … “လို့ ပြောခဲ့ပါတယ်။ Ian နဲ့ Sam တို့ဟာ ငါးမန်းကို မျှားချိတ်မှ ပြန်ဖြုတ်ပေးပြီး၊ အရှင်အတိုင်း ရေထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။Porbeagle အမျိုးအစား ငါးမန်းဟာ ဗြိတိန်ကမ်းရိုးတမ်းတစ်လျှောက်မှာတော့ မည်သည့် ခရီးသွားကိုမှ ရန်မူဖူးခြင်း မ ရှိသေးဘူးလို့ သိရပါတယ်။ သူရဲ့ ချွန်စူးထက်မြတဲ့ သွားတွေကြောင့် လူတွေက ကြောက်ရွံ့ကြပေမယ့် အခြားငါးမန်းေ တွ လောက် လူတွေအပေါ်မှာ ရန်လိုစိတ်မရှိဘူးလို့ သိရပါတယ်။
ညီလင်းထက် (Shwemom)
source : thesun.co.ukShwemom မှကူးယူဖော်ပြသည်
အလေးချိန် 392 ပေါင်၊ အရှည်8ပေရှိငါးမန်းကို အပျော်တမ်းတံငါသည် နှစ်ယောက်မှ ဖမ်းဆီးနိုင်ခဲ့
Reviewed by Unknown
on
1:15 PM
Rating:
Reviewed by Unknown
on
1:15 PM
Rating:




Post a Comment