ဒေါ်လာ 1800 အထိ ပေးရမယ့် Levi’s ကုမ္မဏီထုတ် တင်ပါးတစ်ခြမ်းဖော် ဘောင်းဘီ
တမင်တကာအစုတ်အပြတ်ပုံစံ Ripped Jeans ဘောင်းဘီစတိုင်တွေဟာ 1980 လောက်ကတည်းက တွင်ကျယ်
လာခဲ့တယ်လို့ သိရ ပါတယ်။ 1990 နှောင်းပိုင်းမှာတော့ အရှိန်အဟုန် ကောင်းလာခဲ့ပြီး၊ ဖတ်ရှင်လောကမှာ Ripped Jeans တွေ နေရာတစ်နေရာ ရခဲ့တဲ့အထိပါ။ 2000 ပြည့်နှစ်နောက်ပိုင်းမှာတော့ စတိုင်အမျိုးနဲ့ထုတ်လုပ်ထားတဲ့ Ripped Jeans တွေရဲ့ တွင်ကျယ်မှုဟာ ပိုမိုများပြားလာခဲ့ပါတယ်။ဒါကြောင့် အမေရိကန် အခြေစိုက် Jeans ထုတ်လုပ်ရေးကုမ္မဏီကြီးဖြစ်တဲ့ Levi’s ကုမ္မဏီနဲ့ ပြင်သစ်အခြေစိုက် ဖက်ရှင်ကုမ္မဏီ Vetements တို့ ပူးပေါင်းပြီး၊ အဆင့်မြင့်ချည်သားနဲ့ ယက်လုပ်ထားတဲ့ Ripped Jeans စတိုင် ဘောင်းဘီတွေကို ထုတ်လုပ်ခဲ့ကာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းခဲ့ပါတယ်။

အဆိုပါ ဘောင်းဘီ+အင်္ကျီတစ်စုံ အမေရိကန်ဒေါ်လာ 1800 အထိ ပေါက်ဈေးရှိပြီး၊ လက်ရှိအချိန်ထိ နိုင်ငံတကာ Offer တွေ ရထားတဲ့ Brand အဖြစ် ရပ်တည်နေပြီလို့ ဆိုပါတယ်။ ဘောင်းဘီရဲ့ပုံစံကတော့ နေရာအနှံ့မှာ ဇစ်များတပ် ဆင်ထားပြီး၊ မိမိပြသလိုသည့် ခန္ဓာကိုယ်အစိတ်ပိုင်းကို ဇစ်ဟ ပြသရုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့်တော့ နောက်ပိုင်းတင်ပါး တစ်ခြမ်းရဲ့ 4 ပုံ 1 ပုံလောက်အထိ ပြသနိုင်ဖို့အတွက် ရှေ့မှနောက်သို့ အသွား အပြန်အဖွင့်အပိတ်လုပ်နိုင်တဲ့ ဇစ်အကောင်းစားကို တပ်ဆင်ထားပါတယ်။ ပေါင်သား၊ ပေါင်တံနောက်ပိုင်းအလှနဲ့ ဒူးအစရှိသည်တို့ကို ဖော်ပြနိုင်ဖို့အတွက်လည်း ဇစ်ရှည်တွေ တပ်ဆင်ပေးထားပါတယ်။ လက်ရှိထုတ်လုပ်ထားတဲ့ Ripped Jeans ဘောင်းဘီတွေကိုတော့ အမျိုးသမီးတွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားပါတယ်။
တွစ်တာအသုံးပြုသူတစ်ယောက်ကတော့ ” တင်ပါးရဲ့ကြားအလှကို မြင်ရမယ့် ဘောင်းဘီတွေပေါ့ .. လူတွေ အများကြီး ကြိုက်လာနိုင်ဖို့ ရှိပေမယ့် ကလေးငယ်လေးတွေ ဆယ်ကျော်သက်လေးတွေ အတုခိုးမှားပြီး ၀တ်မှာစိုးရတာ တစ်ချက်ပါ ဘဲ “လို့ ဝေဖန်ခဲ့ပါတယ်။
ဒေါ်လာ 1800 အထိ ပေးရမယ့် Levi’s ကုမ္မဏီထုတ် တင်ပါးတစ်ခြမ်းဖော် ဘောင်းဘီ
Reviewed by Unknown
on
5:11 AM
Rating:
Reviewed by Unknown
on
5:11 AM
Rating:

Post a Comment