Header AD

အရွယ်တင်လွန်းလို့ 18 နှစ်သမီးပျိုလေးဟု မှားယွင်းခန့်မှန်းခံရတဲ့ ဂျပန်မော်ဒယ်လ်

ဂျပန်အမျိုးသမီး သီချင်းရေးဆရာ၊ အဆိုတော်၊ မော်ဒယ်၊ သရုပ်ပြအနုပညာရှင်၊ ဒါရိုက်တာ စတဲ့အလုပ်တွေနဲ့ အသက်မွေး ၀မ်းကြောင်းပြုတဲ့ Seiko Matsuda လို့ အမည်ရတဲ့ အမျိုးသမီးရဲ့အသက်ကို လူတော်တော်များများ ခန့်မှန်းလိုက်တိုင်း လွဲချော်နေကြပါတယ်။ သူမရဲ့ ရုပ်ရည်အရ အသက်ကတော့ 18 နှစ်လောက်ပဲ ထင်စရာရှိတာပါ။
မိတ်ကပ်အစွမ်းကြောင့် ဒီလောက် အရွယ်တင်တာလားလို့ လူတိုင်းက သံသယရှိပေမယ့်၊ အနီးအနားကို ကပ်ကြည့်ပြန်တော့ အရေးအကြောင်းမထင်သေးတဲ့ Seiko ရဲ့ အသားရေဟာ အလွန် အံ့သြဖွယ်ရာ ဖြစ်နေပါတယ်။ တစ်ချို့ကတော့ Seiko ရဲ့ အသက်ကို 30 လောက် ရှိမယ်၊ ငယ်လည်း 29-28 ပေါ့ဆိုပြီး အနီးစပ်ဆုံးလို့ ထင်ရတဲ့ အဖြေကို ထုတ်ခဲ့ကြပါသေးတယ်။ ဒီအဖြေကလည်း တက်တက်စင်အောင် လွဲနေပါတယ်။
Seiko ရဲ့ အသက် 18 နှစ်အရွယ်က ဓာတ်ပုံကို ပူးတွဲဖော်ပြထားပါတယ်။ သူမဟာ အနုပညာလောကထဲကို အဆိုတော်အဖြစ် စတင်ဝင်ရောက်ခဲ့တာပါ။ ယင်း 18 နှစ်ပြည့်ဓာတ်ပုံဟာ အခုအချိန်ကနေ စရေတွက်ရင် လွန်ခဲ့တဲ့ 37 နှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါဆို သူမရဲ့ လက်ရှိအသက်အရွယ်ဟာ ဘယ်လောက်ရှိပြီလဲလို့ သင် တွေးဆမိ လောက်ပါပြီ။ နောက် သူမရဲ့ အရွယ်တင်လွန်းတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ ကုသိုလ်ကို အံ့သြမင်သက်မိစေလောက်ပါပြီ။

Seiko ရဲ့ လက်ရှိအသက်အရွယ်က 55 နှစ်ဖြစ်ပါတယ်။ သူမကို 1962 ခုနှစ် မတ်လ 10 ရက်နေ့ Noriko Kamachi မြို့မှာ မွေးဖွားခဲ့ပါတယ်။ အိမ်ထောင်သည်ဖြစ်ပြီး၊ ကလေးတစ်ယောက် ရှိပါတယ်။ သူမဟာ ယခုနှစ် Triumph International Japan ပွဲတော်မှာ အခြားမော်ဒယ်တွေကလို ဘီကီနီဝတ်ကာ သရုပ်ပြခဲ့ပါတယ်။ သူမရဲ့ အသက်အရွက်ကို သိသွားတဲ့ လူတိုင်းကတော့ ပါးစပ်အဟောင်းသားနဲ့ Seiko ကို အားပေးကြပါတယ်။


နတ်စည်တော် (Shwemom)
source : thesun.co.uk
အရွယ်တင်လွန်းလို့ 18 နှစ်သမီးပျိုလေးဟု မှားယွင်းခန့်မှန်းခံရတဲ့ ဂျပန်မော်ဒယ်လ် အရွယ်တင်လွန်းလို့ 18 နှစ်သမီးပျိုလေးဟု မှားယွင်းခန့်မှန်းခံရတဲ့ ဂျပန်မော်ဒယ်လ် Reviewed by Unknown on 10:27 AM Rating: 5

Post AD