Header AD

ချစ်သူကို ဓားနဲ့(11)ကြိမ်အထိ ထိုးသတ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့ စစ်သား

အသက် 27 အရွယ် စစ်အမှုထမ်းဖြစ်တဲ့ Jay Nava လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ကလေးတွေ အောက် ထပ်မှာ အိပ်ပျော်နေစဉ် သူရဲ့ ချစ်သူ Natasha Wake ကို ဓားနဲ့ ရက်ရက်စက်စက် 11 ကြိမ်အထိ ထိုးသတ်ခဲ့ပါတယ်။ သွေးကွက်တွေဟာ အပေါ်ကြမ်းကနေ အောက်ကို စီးကျခဲ့ပြီး၊ အကွက်လိုက် အကွက်လိုက် ဖြစ်နေခဲ့ပါတယ်။

 
ကလေးတွေက သွေးကွက်တွေလို့ ပြောတဲ့အခါ Jay က ငရုတ်သီးဆော့တွေ ဖြစ်ကြောင်း လိမ်လည်ခဲ့ပါတယ်။ အဲ ဒီနော က် မှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ 2 ရ က်နေ့မှာ ဘုန်းမောက်မြို့ နေအိမ်မှာ ဖြစ်ခဲ့တာပါ။
အခင်းဖြစ်ချိန်မှာ Jay နဲ့ Wake တို့ရဲ့ ကလေးသုံးယောက်ဟာ (ကလေးတစ်ဦးမှာ Jay နှင့် ပထမအိမ်ထောင်ရဲ့ ကေ လး) အောက်ထပ်မှာ အိပ်ပျော်နေကြပါတယ်။ အရင်ဦးဆုံး သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စကားများ ရ န်ဖြစ်ကြရင်း၊ နောက်တော့ တစ်ယောက်ကိုတစ်ယောက် ထိုးကြိတ် ရိုက်နှက်တဲ့အထိ ရန်ပွဲက ပြင်းထန်ခဲ့ပါတယ်။

ဒီအမှုကို Winchester Crown Court တရားရုံးက လက်ခံစစ်ဆေးခဲ့ပါတယ်။ Jay ဟာ မသေမချင်းသတ်မှုနဲ့ လူသ တ် မှု ဒီဂရီအမြင့်ဆုံးအဖြစ် အမှုဖွင့်ခံခဲ့ရပါတယ်။ သူဟာ ရဲတပ်ဖွဲ့က သူ့ကို လာရောက်ဖမ်းဆီးစဉ်မှာ ကို ယ့်ကိုယ်ကို သတ်သေဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး၊ ရဲအရာရှိတစ်ယောက်က လုံးထွေးဖမ်းချုပ်ကာ အချိန်မီ တားဆီနိုင်ခဲ့တာ ဖြစ်ပါတယ်။
Jay ဟာ ရှစ်လက်မ အရှည်ရှိတဲ့ ဓားနဲ့ Wake ရဲ့ ဗိုက်ကို အဆုံးထိ ခြောက်ကြိမ်ထိုးသွင်းခဲ့ပြီး၊ ဓားဒဏ်ရာတွေ ဟာ နောက် ကျောဘက် အထိပေါက်ထွက်ခဲ့တယ်လို့ တရားရုံးစစ်ချက်မှာ ဖော်ပြထားပါတယ်။ လူသတ်မှု ပြီးဆုံးတဲ့အ ခါ လှေကားပေါ်ကို ကလေးတစ်ယောက် တက်လာခဲ့စဉ် ဘောင်းဘီနဲ့ လက်၊ ဓားတွေမှာ သွေးတွေပေနေတာကို မြင်ခဲ့ ပါတယ်။ ဒါကို Jay က ငရုတ်သီးဆော့တွေပါ-လို့ လှည့်ဖျားခဲ့ပါတယ်။

အဲဒီနောက် Jay ဟာ မိခင်နဲ့ အဆက်အသွယ် လုပ်လို့မရတဲ့အတွက် ကလေးတွေကို သူ့ရဲ့အဖွားဆီကို ခေါ်သွားကာ အ ပ်နှံခဲ့ပြီး၊ သူရဲ့ အဖြစ်သနစ်ကို ရှင်းပြကာ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဖွားရဲ့ အကြောင်းကြား မှုကြောင့် ရဲတွေချက်ချင်းရောက်လာခဲ့ပြီး သေကြောင်းကြံစည်လုအချိန်မှာ Jay ကို ဖမ်းဆီးနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ Jay ကို စစ်ဆေးမှုတွေ မပြီးပြတ်သေးဘဲ၊ အမှု စီရင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီအမှုကို ကိုင်တွယ် စုံစမ်းနေတဲ့ ရဲစခန်းကတော့ ဒီလူသတ်မှု ဖြစ်ရခြင်းမှာ၊ သေဆုံးသူနဲ့ တရားခံ Jay ဟာ မကြာခင်က ပျက်ဆဲခဲ့ ကြသူ များဖြစ်ပြီး၊ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း ပြေလည်မှုမရခဲ့ရာကနေ လူသတ်မှု ဖြစ်ပွားရခြင်းလို့ ဆိုထားပါတယ်။
ညီလင်းထက် (Shwemom)
source : thesun.co.uk
Shwemom မှကူးယူဖော်ပြသည်
ချစ်သူကို ဓားနဲ့(11)ကြိမ်အထိ ထိုးသတ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့ စစ်သား ချစ်သူကို ဓားနဲ့(11)ကြိမ်အထိ ထိုးသတ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့ စစ်သား Reviewed by Unknown on 3:28 AM Rating: 5

Post AD