မြောက်ဦးမှာ သင်္ကြန်လည်တဲ့ လူငယ် ၃ ဦး ရိုက်နှက်ခံရ
ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သင်္ကြန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဧပြီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခိုက်ရန်ဖြစ်ပွားစဉ်။Photo: ရခိုင့် သဇင် ချစ်သူ/ Facebook15 April 2017 21:13(+0630)သတင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သင်္ကြန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဒီကနေ့ ပြဿနာ ဖြစ်ပွားခဲ့ပြီး လူငယ် ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။ဒဏ်ရာရရှိသူတွေထဲမှာ တစ်ယောက်က ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သုံးဦးစလုံးကို မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။
"ကောင်လေးတွေကို ခေါ်ချပြီးတော့ သူတို့က သံတုတ်နဲ့ ရိုက်ပါတယ်။ ရိုက်တော့ ကျော်နိုင်စိုး ဆိုတဲ့ကလေးက ပြဲသွားပါတယ်။ ၄ ချက်လောက် ချုပ်ရပါတယ်။ ကျန်တဲ့ကလေး နှစ်ယောက်ကတော့ ရိုက်တဲ့ဒဏ်ရာတွေပဲ ရပါတယ်။ ကွဲပြဲဒဏ်ရာတော့ မရပါဘူး။ သူတို့ သုံးယောက်စလုံး အခုက မြောက်ဦး ဆေးရုံကြီးမှာ ရှိနေပါတယ်။"
ဒဏ်ရာရရှိသွားသူတွေဟာ ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ ရှိသူတွေဖြစ်ပါတယ်။
သူတို့ဟာ သင်္ကြန်အကျနေ့က ပေါင်းတုတ်ကျေးရွာအုပ်စု၊ နန်းကျားကျေးရွာ မဏ္ဍပ်မှာ ခမရ (၅၄၀)က တပ်မတော်သားတွေနဲ့ အချင်းများခဲ့ကြသူတွေဖြစ်ပြီး အဲဒီ ကိစ္စကြောင့် အခုလို ရိုက်နှက်ခံရတာ ဖြစ်တယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က မြောက်ဦးမြို့နယ် ရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြောက်ဦးမှာ သင်္ကြန်လည်တဲ့ လူငယ် ၃ ဦး ရိုက်နှက်ခံရ
Reviewed by Unknown
on
12:53 AM
Rating:
Reviewed by Unknown
on
12:53 AM
Rating:

Post a Comment