Header AD

အိမ်နီးချင်းနိုင်ငံတွေကို မျက်ခုံးလှုပ်သွားစေခဲ့တဲ့ မြန်မာ့စစ်အင်အားအခြေအနေ


(စစ်တပ်ရှိသောကမ္ဘာ့နိုင်ငံ ၁၂၆ နိုင်ငံအား ၂၀၁၅ နှစ်ဦးပိုင်းတွင်းကောက်ယူထားသော စစ်တမ်းမှ အဆင့်သတ်မှတ်ချက်)
မြန်မာ - 44
ဘင်္ဂလားဒေ.ရှ်- 53
ယိုးဒယား - 20
(စုစုပေါင်းလူဦးရေ)
မြန်မာ - 55,746,253
ဘင်္ဂလားဒေ.ရှ် - 166,280,712
ယိုးဒယား - 67,741,401
(စစ်တိုက်နိုင်သောအရွယ်ရောက်ပြီးသူ)
မြန်မာ - 1,028,866
ဘင်္ဂလားဒေ.ရှ် - 3,300,000
ယိုးဒယား - 1,043,204
(အမြဲတမ်းစစ်အင်အား)
မြန်မာ - 406,000
ဘင်္ဂလားဒေ.ရှ် -  400,000
ယိုးဒယား - 306,000
*** စစ်သည် တစ်ဦးချင်းအရည်အချင်းဠ်မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဗီယက်နမ်ပြီးလျှင် အကောင်းဆုံးဖြစ်သည် ထို့ပြင် မြန်မာ့စစ်သည်များသည် နှစ် ၆၀ ကြာတိုက်ပွဲများ၏ အတွေ့အကြုံကြောင့် အရည်အချင်းသာလွန်ထက်မြက်သည်***

M - 569
B - 680
T - 722
*** ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )***

(အပေါ့စား သံချပ်ကာယာဉ်)




M 1,358
B 942
T 2,614
*** BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။ Light Tank များတွင် လေကြောင်းရန်ကာကွယ်ရေး ယာဉ်များလည်းပါဝင်မည်ဖြစ်ပြီး အချို့ကိုပြည်တွင်းထုတ်လုပ်နိုင်သည်***


(ယာဉ်တင် သို့ ပစ်စင်ဖြင့် ပြစ်ရသော ပဲ့ထိန်း မြေပြင် ဝေဟင် ပစ်လက်နက်များ)
M -  108
B -  32
T -  26
( မြန်မာနိုင်ငံ၏ airdefence system မှာဒေသတွင်းနိုင်ငံများတွင်အကောင်းဆုံးဟုပြောနိုင်သည် )
 ၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။ လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။




လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။

အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။

၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေSA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။



၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။

တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။

ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 

SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ ၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။



အမြောက်တပ်ဖွဲ့ ဟာ ၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။***

(ယာဉ်တင်စက်အမြောက်များ ယဉ်တင်ဟောင်ဝစ်ဇာများ)
M - 108
B - 18
T - 26
*** ယာဉ်တင်စက်အမြောက်များ မှာပြည်ပသို့ပင် ရောင်းချနိုင်အောင်အရည်အသွေးမှီစွာထုတ်လုပ်နိုင်သည် ယာဉ်တင် ၁၅၅ မမ ဟောင်ဝစ်ဇာ အစီးလေးဆယ် ဝယ်ယူထား   ***



 မြန်မာ့လေတပ်ဟာ ၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့  ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ ၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ်။ လေတပ်ဟာ အရွယ်အစားသေးငယ်ဆင်းရဲ ပြီး သယ်ယူပို့ ဆောင်ရေး၊ထောက်ပံ့ ရေး နဲ့ ကြည်းတပ်ရဲ့ စစ်ဆင်ရေး တစ်ချို့ လောက်ကိုသာ အထောက်အကူပြုနိုင်တဲ့ အနေအထားလဲ ဖြစ်ပါတယ်။၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လေတပ်
ကို အဆင့်မြှင့်တင်ဖို့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာအတိအကျ မသိရပေမယ့် ၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေဟာ F7 2k ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၁၀ စီး GAIC FT – 7 Trainers လေယာဉ် ၂စီး PT 6 အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ်။

၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ.. ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ တပ်မတော်လေ ရဲ့  ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို ၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ်...။ ၈ နှစ်အတွင်းမှာA5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့ K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ အများအပြား စတင်ရောက်ရှိလာပါတယ်...။ လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး ကျွမ်းကျင် လေသူရဲတွေ အများအပြား ရုတ်တရက်လိုအပ်လာတဲ့ 
ပြသနာကို ဖြေရှင်းနိုင်ဖို့  တပ်မတော် အစိုးရဟာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင် လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ်...။ ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင် လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကိုသွားရောက် သင်ကြားရပြီး နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ..။ နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ ဒီအစီအစဉ်အတိုင်း လေသူရဲ့ ဗိုလ်လောင်း အတော်များများကို သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း တပ်မတော်လေ ရဲ့  ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာအစားထိုးဖို့ စတင်ရောက်ရှိလာတာ

ကတော့ SAC Y8D အမျိုးအစား သယ်ယူပို့ ဆောင်ရေးလေယာဉ်တွေ ဖြစ်ပါတယ်..။ ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့  Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက် ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ်..။

၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက် အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့ ခေတ်မီ MiG 29 B ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ခရီးစဉ်အပြီးမှာ MiG 29 ဂျက်လေယာဉ် အမြောက်အများ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ သိရပါတယ်..။


ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့  မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များတောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ်..။ ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ့ အဆိုအရ၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ တပ်မတော် လေ ဟာ အပေါ့စားလေယာဉ် တစ်စီးစီကိုအောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစားအပေါ့စားလေယာဉ် တစ်စီးကို အောင်မြင်စွာ တပ်ဆင် ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်...။***


၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ

၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...




ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာတရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။

ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာအင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကိုစတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။
လက်ရှိ မြန်မာတပ်မတော် ရဲ့ စစ်အင်အား ၂၀၁၇ စစ်တမ်းကို ဗီဒီယိုဖိုင်မှာ ကြည့်ပါ
အိမ်နီးချင်းနိုင်ငံတွေကို မျက်ခုံးလှုပ်သွားစေခဲ့တဲ့ မြန်မာ့စစ်အင်အားအခြေအနေ အိမ်နီးချင်းနိုင်ငံတွေကို မျက်ခုံးလှုပ်သွားစေခဲ့တဲ့ မြန်မာ့စစ်အင်အားအခြေအနေ Reviewed by Unknown on 2:15 AM Rating: 5

Post AD