Header AD

သေဆုံးပြီး ရက်အနည်းငယ်မှာပင် ဓာတ်ပုံနောက်ကွယ်မှာ ပြန်လည်ပါဝင်လာခဲ့တဲ့အဖွား

အသက် 18 နှစ်သာရှိသေးတဲ့ Dayna Lynch ဟာ သူမရဲ့ ဖခင် Paul နဲ့ မိထွေး Safiye Alev တို့ တီဗွီကြည့်နေတာကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ ဓာတ်ပုံကို ပြန်လည်ကြည့်ရှုစဉ် ထူးဆန်းစွာပဲ အနီးအနား တံခါးဘောင်ဘေးမှာ လူတစ်ယောက်ရဲ့ မျက်နှာကို Zoom စွဲကြည့်တော့ အထင်အရှား မြင်ခဲ့ရပါတယ်။
Dayna Lynch
မိသားစုဝင်တွေရဲ့ အတည်ပြုချက်အရ အဆိုပါ တံခါးနောက်ကွယ်က ဦးခေါင်းဟာ မကြာသေးခင်ရက်ပိုင်းက သေဆုံးခဲ့တဲ့ အဖွားဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ မိသားစုဝင်တွေနဲ့ အားလုံးကို အံ့သြစေခဲ့တဲ့တဲ့ အဖြစ်အပျက်ပါ။ Dayna က ” ဒါ အရှင်းကြီးပါဘဲ … အလင်းပြန်တာလည်း မဟုတ်ပါဘူး “လို့ 7 News Online နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့
ပါတယ်။
Dayna က ” ဖလက်ရှ်မီးကို ပိတ်ပြီးရိုက်တာပါ … သေချာကြည့်မှ လေထဲကို လွင့်မြောနေတဲ့ သဏ္ဍာန်ရှိတဲ့ အဖွားရဲ့
ခေါင်းကို နောက်နားက တံခါးပေါက်မှာ တွေ့ရတာပါ … ဒါ အလင်းပြန်မှုကြောင့် ဖြစ်လာတဲ့ပုံ မဟုတ်ပါဘူး “လို့ ပြောခဲ့
ပါတယ်။
သူမက ဆက်လက်ပြီး ” ကျမတို့ ဒီနေရာလေးမှာပဲ ဓာတ်ပုံတွေ ထပ်ပြီး စမ်းရိုက်ကြည့်ပါသေးတယ် တစ်ခြားပုံတွေမှာတော့ ဒီလို ထူးဆန်းတဲ့အရိပ်အယောင် မတွေ့ရပါဘူး “လို့ ပြောခဲ့ပါတယ်။ သူမရဲ့ ပြောပြချက်အရ အဖွားနဲ့ မိထွေးဖြစ်သူ Safiye တို့ဟာ အလွန်ချစ်ခင် ရင်းနီးကြကြောင်း၊ အခုလည်း တမလွန်မှ မိထွေးကို ကြည့်ရှုနေတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk

သေဆုံးပြီး ရက်အနည်းငယ်မှာပင် ဓာတ်ပုံနောက်ကွယ်မှာ ပြန်လည်ပါဝင်လာခဲ့တဲ့အဖွား သေဆုံးပြီး ရက်အနည်းငယ်မှာပင် ဓာတ်ပုံနောက်ကွယ်မှာ ပြန်လည်ပါဝင်လာခဲ့တဲ့အဖွား Reviewed by Unknown on 9:54 AM Rating: 5

Post AD