ဓားပြအဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိ
ဧပြီ ၁၈၊၂၀၁၇
မောင်တောမြိုနယ် သ၀န်ချောင်းကျေးရွာအတွင်းသို့ လူ ၄ ဦး ပါဝင်သော ဓားပြအဖွဲ့ ၀င်ရောက် သေနတ် ပစ်ခတ်မှုကြောင့် လူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၇ ရက် ည ၉ နာရီ တွင် မောင်တောမြိုနယ် သ၀န်ချောင်းကျေးရွာသို့ ဓားပြ အဒူလာကိန်း ဟု ယူဆရသူ အပါအ၀င် လူ(၄) ဦး သည် သေနတ်အတို (၂) လက်ဖြင့် ၀င်ရောက်လာပြီး သ၀န်ချောင်း လမ်းဂွ ဆုံ အာမန့်၏ အိမ်အနောက် သို့ ရောက်ရှိစဉ် ရွာသားများမှ ၀ိုင်းဝန်း ဖမ်းဆီးမည် ပြုရာ အဒူလာကိန်းနှင့် အဖွဲ့မှ သေနတ် (၃) ချက်ပစ်ဖောက်ပြီး ရွာ၏ အနောက်ဘက်နှင့် မြောက်ဘက်သို့ လူစုခွဲ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ဟာမိတ် (၃၀)နှစ် သည် ယာပေါင် ကျည်ထိမှန် ဖောက်ထွက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ရွာအတွင်း ပိတ်ဆို့ ၍လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom

Reviewed by Unknown
on
4:45 AM
Rating:
Reviewed by Unknown
on
4:45 AM
Rating:

Post a Comment