Header AD

မျက်ရည်ဖြင့် ပွင့်သောပန်းကလေး

Page(1)
ကျွန်တော်နမည်က မိုးလင်း… ။ ပညာမဲ့တစ်ယောက်။ ကျွန်တော်
မိဘတွေကို ပြုစုကျွေးမွေးနေသော သားလိမ္မာတစ်ယောက်။ ကျွန်
တော်အဖေ့က အသက်၆၀ ကျော်နေပြီ။ အမေက အသက်၅၀ကျော်
နေပြီ။ ကျွန်တော်တို့က မိသားစုသုံးယောက်။ ဆွေးမျိုးသားချင်း မရှိဘူး။ ကျွန်တော်က ပညာမဲ့တစ်ယောက်ဆိုတော့ ဆိုက်ကားနင်း
တယ်။ တစ်နေ့ကို အိမ်စရိတ်တော့ကာမိတယ်။ အမေက ချက်ပြု
တယ်။ အဖေက လမ်းမလျှောက်နိုင်ဘူး … ချီးအလူးလူး သေးအလူး
လူးဖြင့် အိပ်ယာထဲမှာ ပဲအမြဲနေရတယ်။ ကျွန်တော် ပြန်လာရင်
အဖေကို မှီထိုင်လို့ရအောင်လုပ်ပေးတယ်။ နောက်ပြီး ဝှီချလ်ပေါ်
တင်ပြီး ဟိုနားဒီနား လျှောက်ပြတယ်။ အိမ်က ပျဉ်ထောင် တစ်ထပ်
အိမ်ကလေးဆိုတော့ အိမ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲမှာ သစ်ပင်
ပန်းမံတွေစိုက်ထားပျိုးထားတယ်။ အဖေကိုလည်း သနားတယ်။
သူလည်း သူဘဝကို သူအားလို အားမရဖြစ်တယ်။ စစ်ပွဲမှာတုန်းက
တိုက်ခဲ့ ကြွခဲ့သော သွေးအာမာန်တွေဟာ အခုတော့ စိတ်သာရှိပြီး
ကိုယ်မပါနိုင်တော့ပေ။ အမေလည်း အသက်ကြီးလာပြီဆိုတော့
နည်းနည်းညောင်းညာ ကိုက်ခဲနေသည်။ အမေကို နှိပ်ပေးတယ်။
အဖေကိုတော့ မအိပ်ခင်နှင်းပေး နှိပ်ပေးတယ်။ ဒါကျွန်တော်ဘဝရဲ့
ဖြစ်စဉ်ပါ။ ဒီလိုပဲ ဖြတ်သန်းလာခဲ့တာ။ ကျွန်တော် အသက်၃၀ကျော်ပြီ။
လူပျိုကြီးတစ်ယောက်။ လုံးလုံးကို ဖြစ်နေမိတယ်။ ကြိုက်တဲ့လူတော့
ရှိတယ် ။ ဒါပေမယ့် စိတ်မဝင်စားပါဘူး။ ကျွန်တော် အိမ်ထောင်ကျရင်
အဖေနှင့်အမေကို မပြုစုနိုင်တော့ဘူး … မကျွေးနိုငိတော့ဘူး မမွေးနို်ငိ
တော့ဘူးလေ… မိဘဆိုတာ မသေခင်မှာ ပြုစုရတယ်။ စောက်ရှောက်
ရတယ်။ ကျွေးမွေးရတယ်။ အမေ့ကျေးဇူး အဖေ့ကျေးဇူးဆပ်လို့မကုန်
ဘူး။ လို့ တရားတော် တစ်ပုဒ်ကြားဖူးတယ်။ ထိုကြောင့် မိဘကို
ပြုစုသည်။ စောက်ရှောက်သည်။ ကျွေးမွေးသည်။ တတ်နိုင်သလောက်
ငွေကို သမ္မာအာဇီဝ ဖြင့်ရှာလေသည်။ချွေးနှင့် ရင်ပြီးရသော ငွေဖြင့်
တစ်ရာဖြစ်စေ … တစ်ထောင်ဖြစ်စေ အားလုံးက တန်ဖိုးရှိပါသည်။
ကျွန်တော် စက်ကားနင်းနေရင်း ခရီသည်ကို နေရာလိုက်
ပိုပေးပြီးနောက် အမယ်အိုကြီးတစ်ယောက် ခွက်ကလေး တစ်ခွက်နှငိ့
ကျွိတ်ကျွိတ်အိတ် အဝါလေးတစ်လုံးကို ကိုင်ပြီးပိုက်ဆံလာတောင်းနေ
လေသည်။ ကားပေါ်က လူတွေက တစ်ချို့တစ်လေက ပိုက်ဆံ အ
ဟောင်းလေးတွေ စွန်ကြဲသည် ။ တစ်ချို့က မသိသလို ဘာသာ
ကျေးကျွန်ပြုသည်။ မျက်နှာလွှဲနေသည်။ ကွမ်းယာဆိုင်က အသည်
ဆိုရင် သွား… သွား လက်တိတ်တယ်။ ဆိုပြီး ထိုအမယ်အိုကို နှင်လွှတ်သည်။ကျွန်တော် ရင်ထဲမကောင်းဘူး။ အဲဒါကြောင့် အနား
သွားခဲ့သည်။
ထမင်း မစားရသေးသာ ကြားသိရတော့ ထမင်းလိုက်ကျွေးလိုက်
သည်။ ကျွန်တော်ကတော့ မစား။ ပိုက်ဆံက ဒီနေရတာနည်းနေလိုပါ။
ထိုကြောင့် ထိုအမယ်အိုကို သာ ကျွေးလေသည်။ အမယ်အိုကလည်း
ဗိုက်အရမ်းဆာနေသော ပုံပဲ။ စားနေတာများ တရွှတ်ရွှတ်နဲ့။
ထမင်း တစ်ပန်ကန်ကုန်သွားတော့ တော်တော်လည်း နေသောထို်င်
သာ ရှိသွားတယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်လို့ပြောလေသည်။
အမယ်အိုကို သူအကြောင်းလေးနည်းနည်းမေးကြည့်တော့ စိတ်
မကောင်းစရာပဲ။
`` သားသမီး တစ်ယောက်ရှိပြီး ဘယ်သူမှ သုံးစားလို့မရ။ ကို
အိမ်ထောင်နှင့်ကိုတဲ့။ တစ်ခါသွားနေတာ ချွေးမက ပညာပြလို့မဆုံး
ဘူးတဲ့… ။ ဒါကြောင့် သူတို့လုပ်စာ မမျှော်ပဲ။ ကိုယ်ဘာသာ ကိုယ်
ထွက်ရှာတာ။ သားဖြစ်သူကလည်း သူမယားဘက်က ပါတယ်တဲ့။
မအေကို မိန်မစကားနားထောင်ပြီး ပစ်ထားတယ်တဲ့… လောကမှာ
သားရယ် အကောင်ဆုံးက ကိုယ်လုပ်အားဖြသ့်ရှာသောငွေက အကေ
ာင်းဆုံးပဲ… လျှူချင်တာလည်း လျှူလိုရ… မျက်နှာမငယ်ဘဲစားလို့
ရတယ်။ ´´
ကျွန်တော် အဲဒီစကားနှင့် အဲဒီအမယ်အိုပြောတာကို မှတ်မိနေတယ်။
မကြာပါဘူး အဖေနှင့် အမေလည်း ဆုံးပါးသွားခဲ့ရရှာတယ်။
အဖေဆုံးသွားပြီးတဲ့နောက် အမေဟာလည်း သိပ်မခံပါဘူး။
လိုက်သွားခဲ့တယ်။ ကျွန်တော် အဖေသေတော့ မငိုဘူး။ ကျွန်တော်
တာဝန်ကျေတယ်လို့ ကိုယ့်ကို ခံစားရတယ်။ အမေသေတော့ မရဘူး။
ကျွန်တော်ငိုခဲ့တယ်။ ကိုရဲ့ နောက်ဆုံးအားထားရာ မိဘဖြစ်တာက
တစ်ကြောင်း … မိခင်ကို ဖခင်ပြုစုနေရင်းသေသေချာချာ လက်ပွန်း
တနှီးအနည်းဘဲပြုစုလိုက်ရတာက တစ်ကြောင်းတော်တော်လေး
စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ရသည်။
အမေနှင့် အဖေဆုံးသွာတော့ လောကင်္ကြီးထဲမှာ ကျွန်တော်
တစ်ကောင်တည်းမိဘမဲ့ ဆွေးမျိုးမရှိ… ကျန်ခဲ့ရသည်။ အသက်က
၃၃ဖြစ်နေပြီ… အိမ်ထောင်လည်း မပြုချင်ဘူး။ တွယ်တာစရာအနှောငိ
ဖွဲ့လည်း ဘာမှမရှိဘူး။ အဲလိုနှင့် လူပျိုကြီးဘဝကို ဖြတ်သန်းလာတာ
တစ်နေ့မှာ ငယ်သူငယ်ချင်း မောင်သန်းဝင်းဖြင့် ပြန်ဆုံခဲ့သည်။
ကျွန်တော်က ဆိုက်ကားနှင်းပြီးလို့ ပြန်လာရင်း လမ်းမှာ မမှတ်ထင်မှတ်ဘဲ မောင်သန်းဝင်းကိုတွေလေသည်။
`` သူငယ်ချင်း မိုးလင်း´´
`` ဟ! …မောင်သန်းဝင်း´´
`` အေး … မင်းပျောက်လှချည်လား´´
`` အေး… ကွာ ! ငါလညိး အခုတလော အလုပ်ရှူပ်နေလိုပါ ဒါနှင့်
မင်းအမေကော နေကောင်းရဲ့လား ´´
`` ငါမိဘနှစ်ပါးလုံး … ဆုံးပါသွားပြီ´´
`` အေ… ဘယ်တုန်းကလည်းကွ!´´
`` မကြာသေးပါဘူး… ၄ လောက်ပဲရှိသေးတယ်။ ´´
`` သြော် ဟုတ်လား! စိတ်မကောင်းပါဘူးကွာ´´
`` ရပါတယ်… ´´ ကျွန်တော်က မထင်မှတ်ဘဲ သန်းဝင်းရဲ့ လက်ထဲက
ကလေးကိုတွေတော့
`` ဒါနဲ့ အဲဒါ မင်းကလေးလား´´
`` မဟုတ်ပါဘူး … ဒီကလေးက ငါအသိကလေးတစ်ယောက်ပါ
သူတို့ မိဘတွေက စွန်ပစ်ကြတာလေ… ငါဒီနေ့ဘဲ ဒီကလေးကို
မထင်မှတ်ဘဲ မိဘမဲ့ဂေဟာကို သွားပို့မလို့´´
`` ဟမ်! အဲလိုလား … ငါကို ကလေးလေးခဏပြပါလား´´
သန်းဝင်းက လက်ထဲက ကလေးကို ပေးချီခိုင်းလိုက်သည်။
ကလေးလေးက ချစ်စရာလေး… အနှီလေးထဲမှာ အူဝဲ… အူဝဲဖြင့်
အော်နေလေသည်။
`` ကလေးလေးက ချစိဖိုကာင်းလိုက်တာကွာ! သူကို ဘာလို့
သူမိဘတွေက စွန့်ပစ်ကျတာလဲမသိပါဘူး´´
`` သူအမေ… တွေ အဖေတွေက အရမ်းဆင်းရဲတယ် နောက်ပြီး
ကလေးကိုလည်း မလိုမရှိကြဘူး … ငါ့ကို တောင် မကြံကောင်းမစည်
ရာတွေလုပ်ခိုင်းတာ´´
`` ဟာ… ရက်စက်လိုက်ကြတာကွာ! ဒီလိုချစ်ဖိုကောင်းတဲ့ ကလေး
ကိုမှ ဒီလိုလုပ်ရတယ်လို့´´
`` ဒီလိုလုပ်ကွာ… ဒီကလေးကို မင်းမိဘမဲ့ဂေဟာ မပိုနဲ့တော့…
ငါ့ဘဲ မွေစားလိုက်တော့မယ်´´
`` အေ… ´´
`` ဟုတ်တယ်… ကလေးလေးက ချစ်ဖိုကောင်းတယ်… နောက်ပြီး
ငါကလည်း ဘာသံယောဇဉ် နှောငိဖွဲ့မှ မရှိဘူးလေကွာ… အဲဒီတော့
ဒီကလေးကိုဘဲ ငါအပြီပိုင်မွေးစားလိုက်တော့မယ်´´
ဆိုပြီးသားလေး မိုးဝသန်ကို ကျွန်တော်ဟာ မွေးစားခဲ့သည်။
သားရင်းတစ်ယောက်လို သံယောဇဉ် အပြည့်ုဖြင့် ကြင်နာယုယစွာ
စောက်ရှောက်ကျွေးမွေခဲ့သည်။
ကျွန်တော်က ဆိုက်ကားသမားဘဝနှင့်ပဲ ကလေးကို ထိန်လို
မဖြစ်တော့ဘူး။ ကလေးကို နိုတိုက်ဖို့ အတွက် နိုလိုတယ်။ အဲဒီတော့
နွားနိုဝယ်ကျိုပြီး တိုက်သည်။ ကလေးလေးကလည်း အော်လေတော့
သည်။
**********************************************
ဆက်ရန်--------------------
မျက်ရည်ဖြင့် ပွင့်သော ပန်းကလေး
Page(2)
မိုးလင်းတစ်ယောက် သားလေးမိုးဝသန်ကို နွားနိုလေးတွေ တိုက်ပြီး
ကျွေးမွေးလိုက် … သာလေးရဲ့ မစင်ဝတ်လေးတွေ လျှော်လိုက်…
သားကလေးကို တေးဆိုပြီး ချော့သိပ်လိုက်ဖြင့် …တစ်နေ့ပြီး တစ်နေ့
ကုန်လွန်းမသိ ကုန်လွန်းသွားခဲ့သည်။ မနက်ကနေည ကနေမနက်…
အချိန်တိုင်း အော်ငိုနေသော သားကလေးရဲ့အသံကို နားမှတစ်ဆင့်
အရိုးထိစွဲနေပေလေပြီ။
အနှီးလေး ဝတ်သော သားလေးအရွယ်မှာ တဖြည်းဖြည်းကျောင်
း တက်သော ကလေးငယ်လေး အရွယ်သို့ ရောက်လာခဲ့ပေသည်။
မိုးဝသန်လေး လူသားမြောက်အောင် နေပူမိုးရွာမရှောင်… ဆိုက်ကား
နင်းတဲ့ အလုပ်… ကူလီထမ်းသော အလုပ်ကို လုပ်လာခဲ့လေသည်။
တစ်ထောင်ပဲရရ… ငါးရာတန်ပဲရရ ပျော်နေမိခဲ့လေသည်။ သားလေး
အတွက်အသုံးစရိတ်တွေ ရှာနေလေသည်။
တဖြည်းဖြည်းကိုယ့်ကိုတောင် အသက်ကြီးမှန်းမသိ … ကြီးလာ
ခဲ့ပါလားဆိုပြီးတောင် ကိုယ်ကိုတောင် သတိမထား မေ့လျော့နေခဲ့
သည်။ ခေါင်းပေါ်ဆံပင်ဖြူ တစ်ချောင်းနှစ်ချောင်း … မျက်ရစ်ခွန်တွေ
တင်းနေရာမှာလျော့တွဲကျ… အရည်တွေကြောင်းတွေ တဖြည်းဖြည်း
ပေါ်လိုလာ… ။ မှန်အရှေ့မှာ ကြည့်ပြီး သြော်ငါတောင်တော်တော်လေ
အသက်ကြီးလို့လာပါလား။
သားလေးလည်း အရွယ်တဖြည်းဖြည်းရောက်လာခဲ့သည်။
ကြာလာတော့ ဟိုအရင်တုန်းကလို ငါကိုယ်ဟာ စိတ်နောက်မပါတော့
ဘူး။ စိတ်သွားရာ ကိုယ်မပါတော့ဘူး။ စိတ်သွားရာ ကိုယ်မပါသော
ကြောင့် ခန္ဓာကြီးဟာ တဖြည်းဖြည်း ပျက်စီးလာပါလား။ ဟိုနေရာက
နာ… ဒီနေရာကနာနှင့် ဒါဟာ ဇရာကပြသော လက္ခဏာတွေပါလား။
တရားရစရာပဲ။
ဆိုက်ကားလည်း တဖြည်းဖြည်းမနှင်းနိုင်တော့ဘူး။ ကိုယ်ကလေး
က အရွယ်ရောက်လာတော့ ပိုက်ဆံဆိုတာမရှိပေ။ သီးချိန်တံသီး
ပွင့်ချိန်တန် ပွင့်ဆိုသလို သားလေးဟာ အရွယ်ရောက်လာလို့ အိမ်
ထောင်ရက်သား ကျလေသည်။ သူမိန်းမက ချမ်းသာတော့ သူတို့အိမ်
နောက်ကို လိုက်နေလေသည်။
သာလေးကို ကိုယ်သားအရင်းလို ရင်နှစ်သား သဖွယ်လို
ပြုစုစောက်ရှောက်လာခဲ့တော့ အရမ်းကို ချစ်ရှာလေသည်။ သားလေးကလည်း ငါ့ကို အတော်လေးကို ဂရုစိုက်ပြီးချစ်ရှာလေသည်။
သူမိန်းမကလည်း အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်ဖြစ်တယ်လို့
ငါယုံကြည်ခဲ့မိတယ်။ ချွေးမလေးက ချမ်းသာသည်။ သူက မိဘမရှိတော့ဘူး။ အဒေါ်နှင့်နေတာလို့ပြောတာပဲ။ မိဘ မရှိသော
ထိုကလေးမလေးကို သားရင်းသမီးတစ်ယောက်လို ချစ်ရှာပါသည်။
ကျွန်တော်ကို သားလေးက သူမိန်းမအိမ်သို့ လိုက်ခဲ့ပါ။ အဖေကို
စိတ်ချမ်းသာအောင်ထားပါ့မယ်လို့ပြောလေသည်။ ယခုအိမ်လေးကို
သားတို့ မင်္ဂလာဆောင်လက်ဖွဲ့အနေဖြင့် လက်ဖွဲ့ပေးလိုက်သည်။
ကျွန်တော်ကတော့ ချွေးမလေးအိမ်မှာ သားခေါ်လို့ လိုက်နေပေသည်။
ချွေးမလေးကလည်း အစကကြည်ဖြူပါသည်။
ဒီလိုနှင့်တစ်နှစ်ကျော်လာတော့ ကျွန်တော်လည်း အသက်တွေ
အရမ်းကြီးလာခဲ့ပြီး အိုမင်းမစွမ်း အရွယ်သို့ရောက်ရှိလာခဲ့ပေသည်။
ကျွန်တော်ဟာ အသက်ကြီးလာပြီ သေချိန်သို့ တဖြည်းဖြည်းရောက်
လာနေပြီဖြစ်သော အဖိုးအိုဖြစ်သောကြောင့် ကျွန်တော်မှာ အိုးလည်း
မလိုဘူး… အိမ်ပိုင်လည်း မလိုဘူး။ စည်စိမ်ဥစ္စာလည်း မလိုတော့ပါ
ဘူး။ ကျောတစ်ခင်း စာနှင့် မသေခင်လေးမှာ အေးအေးချမ်းချမ်းနေ
ရပြီး … အေးအေးချမ်းချမ်းလေး သေရရင်ပြီးရော။ ဒါကြောင့် အိမ်ကို
လည်း သားနမည်ဖြင့် လွဲပေးခဲ့လိုက်သည်။
ဒီလိုဖြင့် နှစ်တွေရက်လတွေကြာညောင်းလာတော့ သားလေး
မိုးဝသန်းလေး မွေးထားသော အဖေမြှေးလေးလည်း အသက်၁၃နှစ်သို့
ရောက်ာလခဲ့ပေသည်။ ဘာကြောင့်မှန်းမသိ။ ချွေးမက ပြောင်းလဲလာ
သည်။ အမြင်မကြည်လာတော့ဘူး။ ဖျစ်တောက်ဖျစ်တောက် တဖျစ်
တောက်တောက်ဖြင့် ပြောဆိုလာခဲ့သည်။ သားလေးကလည်း မိန်းမ
အိမ်မနေတာဆိုတော့ မိန်းမကိုကြောက်ရသည်။
တစ်ခုခုဖြစ်တိုင်း `` အဖေရယ် အဲလိုမလုပ်ပါနဲ့… အဖေချွေးမက
မကြိုက်ဘူးလေ´´ ဘယ်ပြောသည်။ စီးပွားရေးက သိပ်အဆင်မပြေ
လာတော့ ပိုက်ဆံလိုအပ်နေတာနှင့် ကျွန်တော်တို့ အဖေ … အမေလက်ထက်ကတည်းက အမွေးပေးထားသော အမွေးပိုင် အိမ်
သေးသေးကလေးကို သားဖြစ်သူပေးထားရာ သားလေးဟာ သူမစ
ကားကြောင့် အိမ်ကိုရောင်းပြီး အကြွေးတွေ ဆပ်လိုက်လေသည်။
ပိုသော ငွေကလေးတစ်ချို့ကို သူမနားပူနာစာလုပ်နေသော ၁ကျပ်သာ
းဆွဲကြိုးလေးကို လုပ်ပေးလိုက်လေသည်။ ရပါတယ်လေ သားနှင့်
ချွေးမ လေအဆင်ပြေရင် ပြီးရော… ငါဟာ အသက်ကြီးပြီး အိုမင်းရင့်
ရော်နေပြီဘဲ မကြာခင်မှာ သေတော့မယ့်လူပဲ ဒါတွေက မလိုအပ်ပါ
လေ။ ဆိုပြီး စိတ်ထားထားခဲ့တယ်။ သို့သော် အဲဒီနေ့က `` အဖေ…
သားအဖေအတွက်ကြက်သား စွပ်ပြုတ် ဝယ်လာတယ်ဆိုလို့´´
ကြက်သားစွပ်ပြုတ်တစ်ပွဲတော့ စားခဲ့ရသည်။ အိမ်လေးရောင်းလိုက်
တာ … သိန်းပေါင်းနှစ်ရာ ငါးဆယ်ရခဲ့သည်။ ကျွန်တော့်ကိုတော့
၂၅၀၀တန်စွပ်ပြုလေး ဝယ်ကျွေးခဲ့သည်။ ဒါပေမယ့် ပျော်ပါတယ်။
အဖေကို အလိုက်သိပေးလိုပါ။
မြေးမလေး သမီးကလေး အေးချမ်းမွန်က အဘိုးကိုတော့
ခင်သား။ အဘိုကိုလည်း ချစ်ရှာသည်။ စကားလာလာပြောသည်။
တစ်နေ့ကို ထမင်းနှစ်နှပ်နှင့် မနက်ပိုင်းမှာတော့ မုန်းဟင်းတစ်ပွဲဖြစ်
ဖြစ်… အသုပ်တစ်ပွဲဖြစ်ဖြစ် လုပ်ပေးတယ်။ ချွေးမလေးက အရမ်ငွေ
ကိုချွေတာစုဆောငိးတယ်လေ။ `` အဖေက အသက်ကြီးနေပြီဆိုတော့
အစားအများကြီလည်း မစားနိုင်ပါဘူး… အများကြီးဝယ်ရင် အလေလွင့်
ဖြစ်ကုန်လိမ့်မယ်´´ ဆိုပြီး မကုန်သင့်တာ မကုန်အောင် … ချိုးခြံချွေ
တာလေသည်။ တစ်ခါတစ်လေ နေလည်ခင်း ဗိုက်ဆာနေရင် မြေးမ
လေးက ရောက်ရောက်လာတတ်တယ်။ ကလေးစားနေကျ အားလူး
ကြော် တစ်ထုပ်ပါပါလာတတ်တယ်။ ကလေးလေး က `` ဘိုးဘိုး
ကြီးစားမလား´´ ဆိုပြီးကျွေးသော အားလူးကြော်တွေကို ဗိုက်ဆာ
လွန်းခဲ့သောကြောင့်မြေးမလေးဖြင့် အတူတူစားခဲ့မိသည်။
ကျွန်တော်အတွက်ဆိုပြီး စတီးလ် ပန်ကန်ပြားတစ်ချပ်ကို
အပိုထားထားလေသည်။ ဒါ အဖေတွက်သီးသန့်ဆိုပြီးထားထားပေး
တယ်။ ပြီးတော့ ကျွန်တော်စားဖို့ အတွက်ဆိုပြီး သီသန့် စတီးလ် ဇွန်
လေးတစ်ချောင်းကို ထားထားပေးလေသည်။ ထမင်းစားရင် အမြဲတမ်း
သူတို့နှင့် တွဲမစားရဘူး… အမြဲတမ်းကျွန်တော်ကို အမြင်မကြည်ဘူး
လေ။ အသက်ကြီးတဲ့ အဘိုးအိုဖြစ်နေတာကတစ်ကြောင်း …
ငွေကြေးကြပ်တည်းနေတာကတစ်ကြောင်းကြောင့် ထိုနေကငပိရည်
ဖြင့်စားလေသည်။ မြေးမလေးက အနားလာလေသည်။ မြေးမလေးက
`` ဘိုးဘိုး အဲလိုစားရတာကောင်းလားတဲ့´´ မေးခဲ့သည် ။
တဖြည်းဖြည်းနေရ ထိုင်ရတာကြပ်ကြပ်လာသည်။ ချွေး
မလေးက ဟိုနေရာမှာ ထိုင်တာလည်း မကြိုက်ဘူး… ဒီနေရာမှာ ထိုင်
တာလည်းမကြိုက်ဘူး။ တဖျစ်ဖျစ်တောက်တောက် ပြောနေလွန်းတော့
ကျွန်တော်အတွက်ကြောင့် သားလေးတို့လင်မယားနှစ်ယောက်စကား
များကြရတယ်။ အဖေသိပါတယ်ကွယ်။ မင်းတို့အိမ်မှာ ငွေမပြေလည်
ဘူးဆိုတာ… ငွေမရှိတော့ မင်းတို့နှစ်ယောက် အဖေတွက်ကြောင့်
ရန်ဖြစ်ကြရတာပါ။ အဲဒီအချိန်မှာ နားလည်းသွားသည်။ ဟိုအရင်တုန်း
က အမယ်ပြောခဲ့သောစကားတစ်ခွန်းလေးကိုလေ။
`` သားသမီး တစ်ယောက်ရှိပြီး ဘယ်သူမှ သုံးစားလို့မရ။ ကိုအိမ်ထောင်နှင့်ကိုတဲ့။ တစ်ခါသွားနေတာ ချွေးမက ပညာပြလို့မဆုံး
ဘူးတဲ့… ။ ဒါကြောင့် သူတို့လုပ်စာ မမျှော်ပဲ။ ကိုယ်ဘာသာ ကိုယ်
ထွက်ရှာတာ။ သားဖြစ်သူကလည်း သူမယားဘက်က ပါတယ်တဲ့။
မအေကို မိန်မစကားနားထောင်ပြီး ပစ်ထားတယ်တဲ့… လောကမှာ
သားရယ် အကောင်ဆုံးက ကိုယ်လုပ်အားဖြသ့်ရှာသောငွေက အကေ
ာင်းဆုံးပဲ… လျှူချင်တာလည်း လျှူလိုရ… မျက်နှာမငယ်ဘဲစားလို့
ရတယ်။ ´´
ဟုတ်တယ်… အမယ်အိုပြောတာ သိပ်မှန်တယ်။ ကိုဟာ အသက်
ကြီးလာရင် သားသမီးတွေရဲ့ ပစ်ပယ်တာကိုခံရတယ်။ သားသမီး
တွေနှင့် အတူတူ သူတို့လေးတွေအိမ်ထောင်မိသားစုက အမြင်မကြည်
မူတွေကို ခံကြရကြတယ်။ တကယ်တော့ အသက်ကြီးလာရင်
အကြင်နာမဲ့မူနှင့် လျစ်လျူရှူမှု သူငယ်ချင်းတစ်ဖွယ် တစ်ပါတည်း
ရောက်လာတာပါလားလို သိခဲ့ရသည်။
တစ်နေ့မှာ သားလေးဟာ မခေါ်စဖူး… ခေါ်စထူး ကားပေါ်သို့
ခေါ်လေသည်။ အဖေကိုသားခရီတစ်ခု လိုက်ပို့ပေးမလို့တဲ့ … အဲလို
ပြောပြီ ကားနှင့်ခေါ်ဆောင်လာခဲ့တယ်။ ကားပေါ်မှာ သားကပြောလေ
သည်။`` အဖေ… အဖေရဲ့ ချွေးမက အရမ်းပဲ ဆိုးတယ်ဗျာ! ခက်တာ
က ရန်ဖြစ်တာက အဖေကိုထည့်ထည့်ပြောနေတယ်… အဖေရှိုတာကို
သူမကြိုက်ဘူးထင်တယ်… အခုတလော ငွေရေးကြေးရေးက အဆင်
မပြေတော့ အဖေ ခဏလောက် ဘိုးဘွားရိပ်သာမှာ ခဏနေပေးပါ။
သားပြီးရင် အိမ်လေးတစ်လုံးလောက်ငှားပေးပါ့မယ်´´ ။
ထိုစကားကြားတော့ ကျွန်တော်ရင်ထဲ စိုနင့်သွားသည်။ ငါ့အတွက်
နောက်ဆုံး မှီခိုအားထာရက… သားသမီး စွန့်ပစ်ခံရသော ဘိုးဘွား
ရိပ်သာပါလား? လို့ တွေးနေမိသည်။ မျက်ရည်ရွှန်းလဲ့ စွာဖြင့်
ကြည်ပြီး အမှန်တိုငိးပြန်ပြောလိုက်ရင် တရားချလိုက်ရင် ငိုပြီး သေသွားလိမ့်မယ်။
ကားပေါ်ကနေ ဆင်းလာသည်။ ဘိုးဘွာရိပ်သာက အဆင့်သင့်
လက်ကမ်းပြီးကြိုဆိုနေသည်။ ရပါတယ်လေ ငါဟာသေရတော့မယ်။
လူတစ်ယောက်ပါ။ ဘယ်နေရာမှာနေရ … နေရ ငါ့အတွက်အရေး
မကြီးဘူး … ။ သားလေးကို ပါးရည်တွေ တွန့်လိမ်နေသာ ကျွန်တော်
ဟာ ရင်ထဲမှာ စိတ်မကောင်းဖြစ်ပြီး ငိုနေမိသော်လည်း … ပြုံးပြကာ
`` သားလေး အဖေကို ဘာမှစိတ်မပူနဲ့ … မင်း အိမ်ရောက်အောင်
ဂရုတစိုက်ပြန်နော်… နောက်ပြီး အဖေတွက် အိမ်ငှားပေးဖို့ ငွေကို
ပင်ပင်ပန်းပန်း ရှာမနေနဲ့တော့… အဖေဒီမှာပဲ နေတော့မယ်´´
လို့နှုတ်ဆက်ပြီးကျောခိုင်းခဲ့သည်။ သားလေး မိုးဝသန်မင်းမှားတော့
မယ်… အကြီးကျယ်နောင်တရရတော့မယ်… အဖေ မင်းကို မကယ်
နိုင်တော့ဘူးကွယ်ပြောပြီး လျှောက်လှမ်းသွားခဲ့လေသည်။
သားဖြစ်သူ လူမိုက်လည်း အသိတရားမရကာ ကားကို
မောင်းပြီး အဖေကိုထားရစ်ခဲ့ကာ ထွက်လာခဲ့လေသည်။
လမ်းတစ်ဝက် အရောက်အသိတစ်ခုဝင်လာခဲ့သည်။ ငါ အဖြေကို
အသုံးစရိတ်တောင် မပေးလိုက်မိဘူး။ ပြန်သွားပေးမှဘဲ။
လို့ပြောကာ ကားကို ဘိုဘွားရိပ်သာသို့ ပြန်လှည့်ပြီးရောက်လာခဲ့သည်
ဘိုဘွားရိပ်သာ ရောက်တော့ နေရာအနှံရှာတာ ရှာလို့မတွေ့… လူတိုင်
မေးတော့လည်း မသိ။ ဒေါသတွေ တလိပ်လိပ်ထွက်နေမိသည်။
ဒီအဖေတစ်ယောက် ဘယ်တွေသွားနေတာလဲ မသိ။ စိတ်တိုဖို့ကောင်း
လိုက်တာ ဆိုပြီး မောမောပန်းပန်းဖြစ်နေမိသည်။ ပိုက်ဆံပေးဖို့ဟာကို
စေတနာမှဝေဒနာ ဖြစ်အောင် လုပ်တယ်။ ကြိမ်မောင်းနေသည်။
အသက်ကြီးကြီးဖြစ်ဖြစ် အဘိုးအိုတစ်ယောက်က ရောက်လာသည်။
`` ကောင်လေး မင်းက မိုးဝသန်လား ? ´´ `` ဟုတ်လား … ဟုတ်
ပါတယ် အဘိုး … အဘိုးက ဘယ်သူလဲ? ´´ ပြုံးပြပြီး `` မင်းခုနက
လာပိုသော အဖေရဲ့ မိဆွေပါ´´ `` ဗျာ!´´ `` ဟုတ်တယ် … မင်း
အဖေက ငါ့ကို မင်းတစ်နေ့နေ့ပြန်ရောက်လာခဲ့ရင် … စာတစ်စောင်
ပေးဖို့မှာထားခဲ့တယ်´´ ပြောပြီး စာအားပေးလေသည်။
အဲဒီစာကို ယူပြီနောက် `` အဘိုးက ဘယ်တုန်းက သားအဖေ
နှင့် သိကျွမ်းခဲ့တာလဲဗျ !´´ `` အဘိုးနှင့် မင်းအဖေနှင့်က ကလေးလေ
တစ်ယောက်ကို မိဘမဲ့ဂေဟာကနေ မွေးစားဖို့ဆိုပြီးနမည်လာမေး
တုန်းကတည်းက… သိနေခဲ့ကြတာပါ´´ `` ဗျာ´´ ဆိုပြီး ခေါင်းရှစ်ခြမ်း
ကွဲသွားသလိုမျိုး… နွေလယ်ခေါင်မှာမိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး
ခံစားလိုက်ရပါတော့သည်။
ဆက်ရန်---------------------
မျက်ရည်ဖြင့် ပွင့်သော ပန်းကလေး
Page(3)
``ငါ့ကို အဖေက မွေစားခဲ့တာ… မိဘမဲ့ဂေဟာ ပို့မယ့် သူလက်ထဲက
နေ သနားပြီး မွေးစားခဲ့တာ… ´´ ဆိုပြီး သစ်ပင်အောက်ကလေးမှာ
ထိုင်ပြီး စဉ်စားနေမိသည်။
`` အဖေက ငါ့အပေါ်မှာ ကျေးဇူးတွေ… မေတ္တတွေ… အနွံ
နာခံမူတွေ အရာအားလုံး မြင့်မိုရ်တောင်မက ကြီးမားခဲ့တာ ငါဆိုသော
အကောင်ဟာ မိုက်မဲပြီး မိဘကို ဘိုးဘွားရိပ်သာ ကိုပိုလိုက်မိတယ်။
ငါမှားသွားပြီ… အရမ်းကို မှားသွားပြီ´´ ပြောကာ မျက်ရည်တွေ စီးကျ
လာမိသည်။
လက်ထဲမှာကိုင်ထားသော စာတစ်စောင်လေးကို ဖတ်ပြီးသွား
သောနောက်မှာတော့ မိုးပေါက်များဟာ ကောင်ကင်ကနေ တဖွဲဖွဲရွာကျ
လာခဲ့သည်။ မိုးရေတွေနှင့်အတူတူ ငိုခဲ့ယိုခဲ့မိသည်။ ဇာတ်သိမ်းမလှ
သော ဇာတ်လမ်းလေး တစ်ပုဒ်… အနိုမိုဇီလာ ရဲ့ကြီးမားသော မေတ္တ
ရားကို စော်ကားခဲ့သော သမီးမိုက် မယ်လီရန်သဖွယ် သနားစရာဖြစ်
နေပေလေပြီ ။
စာထဲမှာက `` သားလေး အဖေ့ကို စိတ်ချပါ… အဖေ့ကို
စိတ်မပူပါနဲ့… အဖေ ဘိုးဘွာ ရိပ်သာ မှာ မနေတော့ဘူးသား…
အဖေ အဆင်မပြေတာမဟုတ်ပါဘူး … သားလေး အဆင်မပြေမှာ စိုး
လို့ပါ… အဖေရှိနေတာ သိရင် မင်းခဏ… ခဏ လာမယ်… နောက်ပြီး
အဖေအတွက် မင်းဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်… သားလေး ရယ်
အဖေက အသက်ကြီးနေပါပြီ အဖေအတွက် ဘာမှစိတ်မပူပါနဲ့…
သားလေးတို့ မိသားစုသာ ပျော်ပျော်ရွှင်ရွှင်နေကြနော် … အဖေက ငယ်
ငယ်တုန်းက လေးတန်းပဲ တက်ခဲ့ရတော့ အဖေရေးသာ စာလုံးတွေ
ဟာ သတ်ပုံမှန်မှာ မဟုတ်ဘူးဆိုတာ အဖေသိပါတယ်… ဒါပေမယ့်
မင်းဘဝကို အဖေမှန်အောင် ထိန်ကျောင်းပေးနိုင်ခဲ့တယ်လို့ ထင်တာ
ပါပဲ… တကယ်တမ်းတော့ အဖေဟာ မင်းကို မွေးစားခဲ့တာပါ။
အဖေရဲ့ ဘဝမှာ အနှောင်ဖွဲ့ ချည်မျှင်တွေဟာ သားလေးကြောင့်မို့
ရစ်ပတ်ခဲ့ရတာပါ။´´
လမ်းဘေးမှာ အသက်ရွယ်အို ကြီးမြင့်နေပြီးဖြစ်သော အဘိုအို
ကျွန်တော်ဟာ သံခွက်လေးတစ်လုံးကို ကိုင်ထားပြီး ကားပေါ်မှ
လူတွေ ကွမ်းယာဆိုင် ဈေးဆိုင်မှာ လူတွေထံမှာ ပိုက်ဆံလိုက်တောင်း
နေလေသည်။ ထွက်နေသော ချွေးတွေကို သုတ်ပြီး လမ်းခုလတ်
တစ်နေရာမှာ ထိုင်နေလေသည်။ ပြီးတော့ ထမင်း တစ်ရာတန်လေး
အထုတ်လေးကို ဖြဲပြီး ဘဲဥတစ်လုံး ဖြင့် စားနေလေသည်။ အသက်က
လည်းကြီး ပင်လည်ပင်ပန်းလှပေသည်။
`` သာလေး အဖေမင်းတို့ကို အနှောက်ယှက်ပေးခဲ့မိတာတော
င်းပန်ပါတယ်… အဖေဘဝမှာ နွေးထွေးသော မေတ္တာတရားလေးတွေ
တကယ်လိုအပ်ခဲ့တာပါ။ အဖေ တကယ်သိခဲ့တာက ဘဝမှာ အသက်
ရွယ်ကြီးရင့်လာပြီး အိုမင်းမစွမ်းဖြစ်တဲ့ အချိန်မှာ အထီကျန်မူ… လျစ်
လျူရှူမူ… အပြစ်တင် ဝေဖန်မူ … အမြင်မကြည်မူတွေကို ခံစားကြ
ရတယ်ဆိုတာလေ အဖေကောင်းကောင်းကြီး သိပါပြီ သားရယ်…
ငါသားလေးလည်း အဆင်မပြေမှာပဲ အဖေစိုးရိမ်တာပါ။ အဖေဘဝမှာ
မင်းအဖေအိမ်လေးကို ရောင်းပြီး ကြက်သားစွပ်ပြတ်လေးတစ်ပွဲ
ကျွေးခဲ့တာကို အမြဲအမှတ်ရနေမှာပါ သားလေးရယ်´´
ပြန်စဉ်စားနေမိရင်း ငိုကြီးချက်မ ဖြစ်ရလေတော့သည်။
မိုးဝသန် တို့လင်မယားထမင်းစားမလို့ ပြင်ဆင်နေကြသော အချိန်မှာ
သမီးလေးဖြစ်သူ အေးချမ်းမွန်လေးက လက်ထဲမှာ စတီးလ်ပန်ကန်
ပြားနှစ်ခြပ်နှင့် စတီးလ်ဇွန်းနှစ်ချောင်းကို ယူပြီး ရောက်လာခဲ့သည်။
မိခင်က `` သမီး အဲဒါ ဘာလုပ်မလို့လဲ? ´´
`` ဒါက ဖေဖေနှင့် မေမေအတွက် … ပါ´´
`` ဟမ်! ´´ဖြစ်သွားရသည်။
`` မေမေနှင့် ဖေဖေတို့ ဘိုးဘိုးကို ကျွေးသလိုမျိုး သမီးလည်း ကြီးလာ
ရင် ဖေဖေနှင့် မေမေ အတွက် ကြိုပြီး ဝယ်ထားတာလေ´´ ထိုစကား
ကြားတော့ နှစ်ယောက်စလုံး ဘာပြန်ပြောရန်မသိ ရင်ထဲအလုံးကြီး
စိုနင့်ပြီး ငိုချင်သလိုလို ကြေကွဲသလိုလို မျက်ရည်တွေ လျှံတက်လာခဲ့
သည်။
မိခင်က ``ထာားလိုက်ပါတော့ကွယ် … ထမင်းစားကြရအောင်´´
ပြောကာ ထမင်းတွေ ထည့်ပေးလိုက်သည်။ ထမင်းစားဝိုင်းမှာ ဟင်း
တွေ စုံစုံလင်လင် ရှိပါလျက် ဘာဟင်းမှ မယူဘဲ ငပိရည်တစ်မျိုးတည်း
ကို သာ သမီးကလေးအေးချမ်းမွန်က လင်မယားနှစ်ယောက်လုံး
ကို တစ်လှည့်စီ ထည့်ပြီး ဦးချလေသည်။ ဖခင်က ကြည့်ပြီး ဘာကြောင့်လဲပေါ့… ။
`` ဘိုးဘိုးကပြောတယ် သူစားတဲ့ အချိန်တိုငိးမှာ ငပိရည်က အများ
ဆုံးတဲ့ … ငပိရည်က စားရဆုံးမို့ ငပိရည်က အရသာရှိဆုံးတဲ့ အရမ်း
စပ်သော ငပိရည်က သားဖြစ်သူနှင့် သမီးလေးဖြစ်သူက ကျွေးသော
အရာမို့ သူအတွက်ချိုမြိန်လှသည်။´´
ထိုစကားကို နှစ်ယောက် စလုံး သမီးလေးထံမှ ပြန်ကြားရတော့
ထမင်းတောင်မစားနိုင်တော့ဘဲ ကိုယ့်စတီးလ် ပန်ကန်ပြားထဲက
ထမင်းပုံစမ်းထားသော ငပိရည်လေးအား တစိမ့်စိမ့် ကြည့်ရင်း
အဖေဖြစ်သူရဲ့ မျက်နှာကို တဖြည်းဖြည်းမြင်ယောင်လာကာ ရင်ထဲမှာ
ကိုယ်ချင်စာ တရားကြောင့် မီးတွေတဟုန်ဟုန်တောက်လောင်ပြီး
တသိမ့်သိမ့် ပူလောင်လာခဲ့သည်။ ငါ့တို့ကိုယ်ချင်စာ တတ်သွားပြီ…
ငါ့တို့လည်း တစ်နေ့မှာ အိုရအုံးမည် … နာရအုံးမယ် … အဲဒီအရွယ်
ရောက်ရအုံးမယ်… ထိုအချိန်မရောက်ခင်တောင် ဝဋ်ကကြည့်မနေ
ငါ့တိုအား ဓာဏ်ပြန်ခတ်စေလေသည်။ ငါတို့ လုပ်ရပ်က ရှက်ဖို့ကောင်း
သည်။ ရွံ့ဖိုကောင်းသည်။ ပြောပြီး မိုးဝသန်က ပိုခံစားရသည်။
မိန်မစကားကို နားထောင်မိလို့ ဖအေဖြစ်သူကို ဘိုးဘွာရိပ်သာပိုလိုက်
ရသည်။ အဖေက ရှောင်ထွက်သွားခဲ့သည်။ အသက်ကလည်းကြီး…
အိုမင်းကလည်း မစွမ်း… သေချာတယ် ဘာမှလည်း လုပ်နိုင်ကိုင်နိုင်
မှာ မဟုတ်… အခုချိန်ဆိုရင် ဘယ်မှာများ အိပ်စက်နေရပြီး …
ဘာများစားပြီးပြီးလဲ မသိပါဘူး… အပြင်မှာက မိုးတွေကလည်းရွာနေ
တော့ သေချာတယ်။ ငါအဖေ ချမ်းနေတော့မှာပါပဲ။
သမီးလေး စီက ထိုစကားကြားပြီ မကြာမှီ အိမ်ဘေးနားက
တရားတော် အသံကို ကြားရလေသည်။ တရားတော်ဟာ ကြာနီကန်
ဆရာတော်ဟောတော်မူတာပါ။
`` ပရိတ်သတ်ရေ… မောင်ကျောက်ခဲက မိဘကျေးဇူးကို နားမလည် … မိဘကို အစာရေစာ ငတ်ခံပြီး ဆူးခင်းသော မွေယာကို
အိပ်စက်စေတယ်… သြော် မာတာ ပိတု မိခင်ကြီးဟာ မျက်ရည်စက်
လက်စက်လက်ဖြင့် နာကျင်လွန်းလှသော သံဆူးမွေ့ယာမှာ အိပ်စက်
ပြီး သားလေးမျက်နှာကို ကြည့်ကာ အိုမာတာပိတု မိခင်ဟာ တစ်ခွန်း
တည်းပြောတယ်… သားလေး အမ အိပ်ရသော အိပ်ယာတွေထဲမှာ
ဒီအိပ်ယာဟာ အကောင်းဆုံးပဲတဲ့… အရမ်းကို နာကျင်လွန်းလှသော
ပြင်းလှစွာသော ဝေဒနာကို ခံစားမြိုသိပ်ရင် သားဖြစ်သူစိတ်ချမ်းသာ
စေဖို့အတွက် မြေခသော သွေးတွေဟာ ပင်လယ်ကဲ့သို့တောင် များနိုင်
လေတယ်တဲ့´´
ထိုကြာနီကန် ဆရာတော်ရဲ့ တရားတော်ကို ကြားနာရပြီ
သည့်နောက်မှာ လင်မယားနှစ်ယောက်လုံးဟာ ကိုယ့်အမှားကို သိသွား
ကြကာ ဖွင့်မပြောကြသော်လည်း မျက်ရည်တွေ ဘူသီပေါက်လောက်
တတောက်တောက်ကျကာ ထမင်းအား ဆက်စားလေသည်။
စိတ်မကောင်းတွေဖြစ်… နောင်တသံဝေဂတွေရကာ အဲဒီစာဝိုင်းထဲမှ
ရှိသော ဟင်းတွေဘာတစ်ခုမှမထည့်ဘဲ လင်မယားနှစ်ယောက်စလုံး
ငပိရည်ကျို တစ်မျိုးတည်းပဲ စမ်းကာ စားနေလေသည်။ မျက်ရည်တွေ
ဟာ ထမင်းပန်ကန်ထဲသို့ စီးကျနေသည်။
နောက်တစ်နေ့ နံနက်ပိုင်း ၁၀နာရီမှာ မိုးဝသန်တစ်ယော
က်ကားမောင်းနေရင်း ရေသန့်ဘူးသောက်ချင်လို့ ကားရပ်ပြီး လမ်း
ဘေးဈေးသည်ထံမှာ ဝယ်နေတုန်း မထင်မှတ်ဘဲ အဘိုအိုတစ်ယောက်
ခွက်ကလေးတစ်လုံးဖြင့် ပိုက်ဆံလိုက်လံတောင်းနေတာ မြင်တော့
များစွထိတ်လန့်သွားလေသည်။ ထိုလိုက်တောင်းနေသော အဘိုအို
မှာ တစ်ခြားလူမဟုတ်… သူ၏ ဖခင်သာဖြစ်နေလေသည်။
``နမည်မှာ အဘိုးမိုးလင်း ။ သားသမီးတွေက ရက်စက်လိုက်ကြတာ။
အသက်ကြီးပြီ ဆိုပြီး ဘာမှမလုပ်နိုင် မကိုင်နိုင်လို့ စွန့်ပစ်ထားကြတာ
လေ´´
`` အေးဟယ် … တော်တော်လေးကို သနားဖို့ကောင်းပါတယ်…
တော်တော်လည်း ရက်စက်လိုက်တဲ့ သားသမီးတွေ´´ ပြောနေကြသည်။
မိုးလင်း ဘာမှပြန်မပြော… မျက်ရည်တွေ စီးကျနေပြီး မျက်လုံ
တွေနီရဲနေသည်။ မိုးဝသန်တစ်ယောက် အိမ်ကို သူ၏ ဖခင်ဖြစ်သူ
အဖေမိုးလင်းကို ခေါ်ပြီး အိမ်ပြန်ရောက်လာတော့ မိန်းမဖြစ်သူ မေချယ်ရီက အံ့အားသင့်နေသည်။ အေးချမ်းမွန်က ဘေးမှာရပ်နေ
သည်။ ယောကျာ်းဖြစ်သူ မောင်မိုးဝသန်က အနားသို့ မြန်မြန်ဆန်ဆန်
လျှောက်လာပြီး ဘာမှမပြော ပါးကို ပြင်းပြင်လေး တစ်ချက်လောက်
ရိုက်ချလိုက်သည်။ ဖြောင်း ခနဲ ကျယ်ကျယ်မိသွားသည်။ သူမက
ဘာမှပြန်မပြော ထိတ်လန့်သွားသည်။
`` မောင် ´´
`` မခေါ်နဲ့ ငါနမည်… နောက်ပြီး ဘာစကားတစ်ခွန်းမှမပြောနဲ့ ငါ့
အဖေကို ဒီအိမ်ရဲ့ အမြင့်ဆုံး ခေါင်းရင်း ခန်းမှာထားမယ် … ဒီအိမ်မှာ
ငါ့အဖေကို အရှင်ဘုရင် လို့ ဘုရား နှင့် တစ်ဂိုဏ်းတည်းထားမယ်…
အေး နင်မနေနိုင်ရင် နင်ဆင်းသွား… ငါ့ကိုယ်တိုင် ဟော့ဒီလက်တွေ
ဖြင့် ငါအဖေဝေယျဝိစ္ဇကို ငါလုပ်ပေးမယ် … နင်ဟာ ငါ့ဒီလိုလုပ်တာ
မကြိုက်ရင် အိမ်ပေါ်ကနေ ဆင်းသွား´´ လို့ အကျယ်ကြီးပေါက်ကွဲ
အသံဖြင့် ပြောဆိုလိုက်သည်။ တစ်ခါမှ မပြောဖူးသော လေသံအကျယ်ကြီး ဒေါသအိုးကြီးဖြင့် ပြောဆိုလိုက်သော တစ်ကိုယ်
လုံး တုန်လှုပ်သွားခဲ့ရသည်။
အဖေကို ထိုင်ခုံမှာ ထိုင်စေပြီး ကန်တော့လိုက်သည်။
အဖေကလည်း ဝမ်းမြောက်သွားသည်။ စိတ်ရွှင်လန်သွားသည်။
သားနှင့် သမီကို အပြစ်မာယူဘဲ ခွင့်လွှတ်ပေးသည် ။ အခုတော့
ဖခင်ဖြစ်သူ ရဲ့ မျက်ရည်တစ်စက်ကြောင့် သားနှင့်သမီးဟာ လိမ္မာသွား
ကြပြီ။ မျက်ရည်ဖြင့် ပွင့်သောပန်းကလေး တွေဖြစ်သွားခဲ့လေတော့
သည်။
အစဉ်လေးစားလျက် ပရိတ်သတ်
Sti Moe
ပြီးပါပြီ။
Credit.
မျက်ရည်ဖြင့် ပွင့်သောပန်းကလေး မျက်ရည်ဖြင့် ပွင့်သောပန်းကလေး Reviewed by Unknown on 6:02 AM Rating: 5

Post AD