မြန်မာတွင် အာဏာရှင်ရောဂါထနေသူများ သတိထားစရာနှင့် အမေရိကန် သတိပေးမှုများထပ်မံပေါ်ထွက်နေ
အမေရိကန်သမတ ဒေါ်နယ်လ် ထရမ့်က မြောက်ကိုရီးယားနိုင်ငံဟာ ပြသနာတရပ်ဖြစ်နေကြောင်းနဲ့ အဲဒီပြသနာကို သူဖြေရှင်းမှာဖြစ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်လေယဉ်ပျံတင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စု ဦးတည်ခုတ်မောင်းနေပြီး မြောက်ကိုရီးယားကလည်း လာမယ့် စနေနေ့မှာ နူကလီယာစမ်းသပ်မှုပြုလုပ်မယ့် အလားအလာတွေ ပေါ်ပေါက်နေစဉ်အတွင်း သူက ခုလိုပြောကြားလိုက်တာပါ။
မကြာခင်ရက်ပိုင်းကတင် သမတ ထရမ့်က မိမိတို့မှာ အင်မတန် အင်အားကြီးမားတဲ့ ရေငုတ်သင်္ဘောတွေ၊ လေယဉ်တင်သင်္ဘောတွေရှိသလို ကမ္ဘာပေါ်မှာ အကောင်းဆုံးတပ်ဖွဲ့တွေ ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။
ဒီအတောအတွင်း တောင်ကိုရီးယားအစိုးရက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို လက်ဦးမှုယူပြီး တိုက်ခိုက်မယ်ဆိုရင် မိမိတို့နဲ့ တိုင်ပင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
အမေရိကန်စစ်သင်္ဘောအုပ်စုဟာ နောက်ထပ်တပတ်ကျော်ကြာမှ ကိုးရီးယားကျွန်းဆွယ်ကို ရောက်မှာပါ။ မြောက်ကိုရီးယား နူကလီယာစမ်းသပ်နယ်မြေကို အမြဲထောက်လှမ်းနေတဲ့ အမေရိကန်အဖွဲ့အစည်း တခုကတော့ ဂြိုလ်တုဓါတ်ပုံတွေအရဆိုရင် မြောက်ကိုရီးယားတွေဟာ စမ်းသပ်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအမ်ဟာ သူ့ဖခင် ကင်အီဆွန်း မွေးနေ့ဖြစ်တဲ့ ဧပြီ ၁၅ ရက်နေ့ ရောက်တိုင်း ဒုံးပျံတွေစမ်းသပ်ပစ်လွှတ်လေ့ ရှိပါတယ်။
ဒီအတောအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးက မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒုံးပျံထိပ်ဖူးမှာ အာရုံကြောတွေ ထိခိုက်ပျက်စီးသေဆုံးနိုင်တဲ့ Sarin အဆိပ်ငွေ့ထည့်ပြီး ဂျပန်နိုင်ငံကို ပစ်လွှတ်စွမ်း ရှိနိုင်တယ်လို့ မနေ့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ ဓါတုလက်နက် ပဋိဥာဏ်ကို လက်မှတ်ထိုးထားခြင်း မရှိပဲ ၁၉၈ဝ ပြည့်လွန်နှစ်တွေကတည်းက ဓါတုဗေဒလက်နက်တွေကို စတင် ထုတ်လုပ်နေခဲ့တဲ့အတွက် အခုဆိုရင် လက်နက် တန်ချိန် ငါးထောင်ခန့် စုဆောင်းမိနေပြီလို့ ခန့်မှန်းကြပါတယ်။
မနေ့ကရတဲ့ တခြားသတင်းတခုမှာတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ကာကွယ်ရေးဆိုင်ရာနေရာတွေကိုလည်း ဓါတုနဲ့ ဇီဝလက်နက်တွေကို လေယဉ်နဲ့ ကြဲချခြင်း သို့မဟုတ် ဒုံးပျံမှာထည့်သွင်း တိုက်ခိုက်ခြင်းတွေပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။
တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ကိုရန်နိုင်ထွန်းက စစ်ပွဲတကယ်ဖြစ်လာမယ်လို့ မထင်ကြပေမယ့် စိုးရိမ်ပူပန်မှုတွေတော့ ရှိနေတယ်လို့ RFA ကိုပြောပါတယ်။
ဒီအတောအတွင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက မြောက်ကိုရီးယားအစိုးရကို နူကလီယာအစီအစဉ် စွန့်လွတ်ဖို့ တိုက်တွန်းလိုက်ပြီး အဲဒီလိုရပ်ဆိုင်းမယ်ဆိုရင် တရုတ်ပြည်က မြောက်ကိုရီယားကို အကာအကွယ်ပေးမယ်လို့ မနေ့က ရေးသားလိုက်ပါတယ်။
သမတ ထရမ့်က မြောက်ကိုရီးယားကို စီးပွားရေးအရ ထပ်မံပိတ်ဆို့ဖို့လည်း အခု စဉ်းစားနေပါတယ်။ အဲဒီပိတ်ဆို့မှုတွေထဲမှာ ရေနံတင်ပို့မှုပိတ်ပင်ခြင်း၊ ကိုရီးယားလေကြောင်းလိုင်းကို ပိတ်ဆို့ခြင်း၊ ကုန်တင်သင်္ဘောတွေကို ကြားဖြတ်တားဆီးခြင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့ တရုတ်ဘဏ်တွေကို အရေးယူခြင်းတွေ ပါဝင်နိုင်ပါတယ်။
တရုတ်ပြည်ဟာ မြောက်ကိုရီးယားကို ရေနံစိမ်းတန်ချိန် ၅သိန်း နှစ်စဉ်တင်ပို့နေပါတယ်။ တကယ်လို့သာ တရုတ်ပြည်က မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ ၃ လကြာအောင်တောင် ရပ်တည်နိုင်မှာ မဟုတ်ဖူးလို့ စီးပွါးရေးပညာရှင်တဦးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကျောက်မီးသွေးလောင်စာ အဓိက သုံးတဲ့နိုင်ငံဖြစ်ပေမယ့် စစ်တပ်ယန္တယားလည်ပတ်ဖို့ ရေနံကို သုံးစွဲနေရပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးအတွက်လည်း ရေနံလိုပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်စည်းရာမှာ ပြည်တွင်းထွက်ရေနံနဲ့ မလုံလောက်တဲ့အတွက် တရုတ်နဲ့ ရုရှားကရေနံစိမ်းတွေကို ဝယ်ယူနေရပါတယ်။ တရုတ်ပြည်က ရေနံတင်ပို့မှုကို ယာယီရပ်ဆိုင်းမယ်ဆိုရင်တောင် မြောက်ကိုရီးယား အထိနာမှာဖြစ်ပါတယ်။
လောလောဆယ်မှာ ကုလ ပိတ်ဆို့မှုကို လိုက်နာတဲ့အနေနဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားကနေ ကျောက်မီးသွေး တင်သွင်းမှုကိုလည်း ဖေဖေါ်ဝါရီလ ၁၈ ရက်ကစပြီး ရပ်ဆိုင်းထားပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာမှာ မနေ့ကဖေါ်ပြတဲ့ ဆောင်းပါးတပုဒ်မှာတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မြောက်ကိုရီးယားနိုင်ငံပစ်လွတ်လိုက်တဲ့ ဒုံးပျံရဲ့ တွန်းအားပေးစံနစ် အစိတ်အပိုင်းကို တောင်ကိုရီးယားရေတပ်က တောင်တရုတ်ပင်လယ်ထဲကနေ ဆယ်ယူရရှိခဲ့ရာမှာ အဓိကပစ္စည်းအားလုံးဟာ တရုတ်ကုမ္ပဏီတွေထံက ဝယ်ယူခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ဂျာမဏီ ဝန်ကြီးချုပ် အင်ဂယ်လာ မာကယ်က မြောက်ကိုရီးယားပြသနာအတွက် စစ်ရေးနဲ့ အဖြေရှာတဲ့နည်းကို သူ ယုံကြည်မှုမရှိကြောင်း၊ အမေရိကန်ပြည်ထေင်စုနဲ့ တရုတ်ပြည် ပူးပေါင်းပြီး မြောက်ကိုရီးယားကို နိုင်ငံရေးအရ တပြိုင်နက် ဖိအားပေးမယ်ဆိုရင် မုချအကျိုးရှိမှာဖြစ်ကြောင်း မနေ့က ပြောပါတယ်။
အရင်က တရုတ်ပြည်ကို ငွေကြေးကစားပြီး အမြတ်ထုတ်နေတယ်လို့ ပြောခဲ့တဲ့ သမတ ထရမ့်ဟာ တရုတ်သမတ ရှီဂျင်းပင်နဲ့ တွေ့ဆုံပွဲနောက်ပိုင်းမှာ အဲဒီလို စကားမျိုး မပြောတော့ပဲ မြောက်ကိုရီးယားပြသနာ ဖြေရှင်းရေးအတွက် တရုတ်သမတအနေနဲ့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ သူယုံကြည်ကြောင်း မနေ့က ပြောပါတယ်။
မြောက်ကိုရီးယားပြသနာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာရှနိုင်ငံတွေရဲ့ ဆက်ဆံရေးကို သတင်းရသမျှ တင်ပြလိုက်ပါတယ်။
ခရက်ဒစ် kms
ဂိုလ်ရှယ်လေး
ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်လေယဉ်ပျံတင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စု ဦးတည်ခုတ်မောင်းနေပြီး မြောက်ကိုရီးယားကလည်း လာမယ့် စနေနေ့မှာ နူကလီယာစမ်းသပ်မှုပြုလုပ်မယ့် အလားအလာတွေ ပေါ်ပေါက်နေစဉ်အတွင်း သူက ခုလိုပြောကြားလိုက်တာပါ။
မကြာခင်ရက်ပိုင်းကတင် သမတ ထရမ့်က မိမိတို့မှာ အင်မတန် အင်အားကြီးမားတဲ့ ရေငုတ်သင်္ဘောတွေ၊ လေယဉ်တင်သင်္ဘောတွေရှိသလို ကမ္ဘာပေါ်မှာ အကောင်းဆုံးတပ်ဖွဲ့တွေ ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။
ဒီအတောအတွင်း တောင်ကိုရီးယားအစိုးရက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို လက်ဦးမှုယူပြီး တိုက်ခိုက်မယ်ဆိုရင် မိမိတို့နဲ့ တိုင်ပင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအမ်ဟာ သူ့ဖခင် ကင်အီဆွန်း မွေးနေ့ဖြစ်တဲ့ ဧပြီ ၁၅ ရက်နေ့ ရောက်တိုင်း ဒုံးပျံတွေစမ်းသပ်ပစ်လွှတ်လေ့ ရှိပါတယ်။
ဒီအတောအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးက မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒုံးပျံထိပ်ဖူးမှာ အာရုံကြောတွေ ထိခိုက်ပျက်စီးသေဆုံးနိုင်တဲ့ Sarin အဆိပ်ငွေ့ထည့်ပြီး ဂျပန်နိုင်ငံကို ပစ်လွှတ်စွမ်း ရှိနိုင်တယ်လို့ မနေ့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ ဓါတုလက်နက် ပဋိဥာဏ်ကို လက်မှတ်ထိုးထားခြင်း မရှိပဲ ၁၉၈ဝ ပြည့်လွန်နှစ်တွေကတည်းက ဓါတုဗေဒလက်နက်တွေကို စတင် ထုတ်လုပ်နေခဲ့တဲ့အတွက် အခုဆိုရင် လက်နက် တန်ချိန် ငါးထောင်ခန့် စုဆောင်းမိနေပြီလို့ ခန့်မှန်းကြပါတယ်။
တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ကိုရန်နိုင်ထွန်းက စစ်ပွဲတကယ်ဖြစ်လာမယ်လို့ မထင်ကြပေမယ့် စိုးရိမ်ပူပန်မှုတွေတော့ ရှိနေတယ်လို့ RFA ကိုပြောပါတယ်။
ဒီအတောအတွင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက မြောက်ကိုရီးယားအစိုးရကို နူကလီယာအစီအစဉ် စွန့်လွတ်ဖို့ တိုက်တွန်းလိုက်ပြီး အဲဒီလိုရပ်ဆိုင်းမယ်ဆိုရင် တရုတ်ပြည်က မြောက်ကိုရီယားကို အကာအကွယ်ပေးမယ်လို့ မနေ့က ရေးသားလိုက်ပါတယ်။
သမတ ထရမ့်က မြောက်ကိုရီးယားကို စီးပွားရေးအရ ထပ်မံပိတ်ဆို့ဖို့လည်း အခု စဉ်းစားနေပါတယ်။ အဲဒီပိတ်ဆို့မှုတွေထဲမှာ ရေနံတင်ပို့မှုပိတ်ပင်ခြင်း၊ ကိုရီးယားလေကြောင်းလိုင်းကို ပိတ်ဆို့ခြင်း၊ ကုန်တင်သင်္ဘောတွေကို ကြားဖြတ်တားဆီးခြင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့ တရုတ်ဘဏ်တွေကို အရေးယူခြင်းတွေ ပါဝင်နိုင်ပါတယ်။
တရုတ်ပြည်ဟာ မြောက်ကိုရီးယားကို ရေနံစိမ်းတန်ချိန် ၅သိန်း နှစ်စဉ်တင်ပို့နေပါတယ်။ တကယ်လို့သာ တရုတ်ပြည်က မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ ၃ လကြာအောင်တောင် ရပ်တည်နိုင်မှာ မဟုတ်ဖူးလို့ စီးပွါးရေးပညာရှင်တဦးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကျောက်မီးသွေးလောင်စာ အဓိက သုံးတဲ့နိုင်ငံဖြစ်ပေမယ့် စစ်တပ်ယန္တယားလည်ပတ်ဖို့ ရေနံကို သုံးစွဲနေရပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးအတွက်လည်း ရေနံလိုပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်စည်းရာမှာ ပြည်တွင်းထွက်ရေနံနဲ့ မလုံလောက်တဲ့အတွက် တရုတ်နဲ့ ရုရှားကရေနံစိမ်းတွေကို ဝယ်ယူနေရပါတယ်။ တရုတ်ပြည်က ရေနံတင်ပို့မှုကို ယာယီရပ်ဆိုင်းမယ်ဆိုရင်တောင် မြောက်ကိုရီးယား အထိနာမှာဖြစ်ပါတယ်။
လောလောဆယ်မှာ ကုလ ပိတ်ဆို့မှုကို လိုက်နာတဲ့အနေနဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားကနေ ကျောက်မီးသွေး တင်သွင်းမှုကိုလည်း ဖေဖေါ်ဝါရီလ ၁၈ ရက်ကစပြီး ရပ်ဆိုင်းထားပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာမှာ မနေ့ကဖေါ်ပြတဲ့ ဆောင်းပါးတပုဒ်မှာတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မြောက်ကိုရီးယားနိုင်ငံပစ်လွတ်လိုက်တဲ့ ဒုံးပျံရဲ့ တွန်းအားပေးစံနစ် အစိတ်အပိုင်းကို တောင်ကိုရီးယားရေတပ်က တောင်တရုတ်ပင်လယ်ထဲကနေ ဆယ်ယူရရှိခဲ့ရာမှာ အဓိကပစ္စည်းအားလုံးဟာ တရုတ်ကုမ္ပဏီတွေထံက ဝယ်ယူခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ဂျာမဏီ ဝန်ကြီးချုပ် အင်ဂယ်လာ မာကယ်က မြောက်ကိုရီးယားပြသနာအတွက် စစ်ရေးနဲ့ အဖြေရှာတဲ့နည်းကို သူ ယုံကြည်မှုမရှိကြောင်း၊ အမေရိကန်ပြည်ထေင်စုနဲ့ တရုတ်ပြည် ပူးပေါင်းပြီး မြောက်ကိုရီးယားကို နိုင်ငံရေးအရ တပြိုင်နက် ဖိအားပေးမယ်ဆိုရင် မုချအကျိုးရှိမှာဖြစ်ကြောင်း မနေ့က ပြောပါတယ်။
အရင်က တရုတ်ပြည်ကို ငွေကြေးကစားပြီး အမြတ်ထုတ်နေတယ်လို့ ပြောခဲ့တဲ့ သမတ ထရမ့်ဟာ တရုတ်သမတ ရှီဂျင်းပင်နဲ့ တွေ့ဆုံပွဲနောက်ပိုင်းမှာ အဲဒီလို စကားမျိုး မပြောတော့ပဲ မြောက်ကိုရီးယားပြသနာ ဖြေရှင်းရေးအတွက် တရုတ်သမတအနေနဲ့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ သူယုံကြည်ကြောင်း မနေ့က ပြောပါတယ်။
မြောက်ကိုရီးယားပြသနာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာရှနိုင်ငံတွေရဲ့ ဆက်ဆံရေးကို သတင်းရသမျှ တင်ပြလိုက်ပါတယ်။
ခရက်ဒစ် kms
ဂိုလ်ရှယ်လေး
မြန်မာတွင် အာဏာရှင်ရောဂါထနေသူများ သတိထားစရာနှင့် အမေရိကန် သတိပေးမှုများထပ်မံပေါ်ထွက်နေ
Reviewed by Unknown
on
7:02 AM
Rating:
Reviewed by Unknown
on
7:02 AM
Rating:

Post a Comment