Header AD

သားယော်ျားလေး ၁၃ ဦးရှိသော်လည်း သမီးမိန်းကလေး မရမချင်း ကလေးဆက်ယူမည့် စုံတွဲ

ဘရာဇီးနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သမီးမိန်းကလေးတစ်ဦး ထွန်းကားဖို့အတွက် ကြိုးစားလာတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်ပေမယ့် အခုချိန်ထိ ရည်မှန်းချက် မအောင်မြင်သေးပါဘူး။

ခင်ပွန်းဖြစ်သူ ခရုဇ်နဲ့ ဇနီးဖြစ်သူ ဂျူဆီဆလိုင်ဒီတို့ဟာ သမီးမိန်းကလေးမရမခြင်း ကလေးတွေမွေးတာ မရပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့ကြပြီး တက်ညီလက်ညီ ကလေးယူခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ သူလို့လင်မယာထံမှာ သားယောက်ျားလေး ၁၃ ဦးရှိနေပါပြီ။ ဒါပေမယ့် သမီးမိန်းကလေးရဖို့ ထပ်ကြိုးစားဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့အချိန်ကတည်းက မိခင်က သမီးမိန်းကလေးလိုချင်တာဖြစ်ပြီး ခင်ပွန်းက ယောက်ျားလေး လိုချင်ခဲ့တာပါ။

သူတို့ရဲ့ ၁၃ ဦးမြောက် ကလေးငယ်ကိုလည်း သမီးမိန်းကလေးလို့ မျှော်လင့်ခဲ့ပေမယ့် သားယောက်ျားလေးသာ ဖြစ်နေခဲ့ပြန်ပါတယ်။ သူတို့လင်မယာ နှစ်ဦးမှာ သဘောတူထားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ မိန်းကလေးမွေးရင် အမေဖြစ်သူက နာမည်ရွေးမှာ ဖြစ်ပြီး ယောက်ျားလေးမွေးရင် ဖခင်ဖြစ်သူက နာမည်ရွေးမယ်ဆိုတာပါပဲ။ အခုချိန်ထိတော့ မိခင်ရဲ့ ဆန္ဒမပြည့်ဝလာသေးပါဘူး။

Source : Mirror
Credit: duwun
သားယော်ျားလေး ၁၃ ဦးရှိသော်လည်း သမီးမိန်းကလေး မရမချင်း ကလေးဆက်ယူမည့် စုံတွဲ  သားယော်ျားလေး ၁၃ ဦးရှိသော်လည်း သမီးမိန်းကလေး မရမချင်း ကလေးဆက်ယူမည့် စုံတွဲ Reviewed by Unknown on 8:33 AM Rating: 5

Post AD