Header AD

ကံကောင်းပြီး အသက်ရှင်လာတဲ့ အရိုးပေါ် အရေတင် ခွေးလေး

အရိုးပေါ် အရေတင် အနေအထားနဲ့ ခွေးမလေး တစ်ကောင်ကို Albergue de တိရစ္ဆာန် ကယ်ဆယ်ရေးစင်တာက တွေ့ရှိကယ်တင်ခဲ့ပါတယ်။ သူမနာမည် ဘာရေလာလို့ ခေါ်ပြီး ပိန်လှီလွန်းလို့ လမ်းတောင်မလျှောက်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်း ပျက်စီးလုနီးနီး ဖြစ်နေပါပြီ။
စင်တာပိုင်ရှင် အက်ဂျူရို ရိုဒရီဂွက်ဇ်က သူမကို ပြန်လည်ကျန်းမာလာစေဖို့ အထူးဂရုစိုက်ခဲ့ပါတယ်။ အက်ဂျူရိုရဲ့ ပြုစုယုယမှုတွေကြောင့် ဘာရေလာဟာ ခုနစ်ပတ်အတွင်း ထူထူထောင်ထောင်ဖြစ်လာခဲ့ပါတယ်။
ဒီအကြောင်းတွေကို Mail Online သတင်းဌာန က သိရှိပြီး အက်ဂျူရို ကိုတွေ့ဆုံမေးမြန်းချိန်မှာတော့ အက်ဂျူရိုဟာ ငယ်စဉ်ကတည်းက ခွေးတွေကို ကယ်တင်သူဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အသက် ၃၇ နှစ် အထိ ဒီလို ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်နေတဲ့ ခွေးမျိုး မတွေ့ခဲ့ဖူးဘူးလို့လည်း သူက ပြောပါတယ်။ ခုတော့ ဘာရေလာကို စောင့်ရှောက်မယ့်လူတွေတောင် ပေါ်ပေါက်လာပါပြီ။
Source : The Sun
Credit : Duwun

ကံကောင်းပြီး အသက်ရှင်လာတဲ့ အရိုးပေါ် အရေတင် ခွေးလေး ကံကောင်းပြီး အသက်ရှင်လာတဲ့ အရိုးပေါ် အရေတင် ခွေးလေး Reviewed by Unknown on 11:56 PM Rating: 5

Post AD