ဆိုရှယ်မီဒီယာ စွဲလမ်းနေသော လူငယ်များသည် တကယ့်ဘဝကို ကြောက်လန့် နေသူများဖြစ်
အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အတွင်း ဆယ်ကျော်သက် အယောက်တစ်ထောင်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကို အလွန်အကျွံစွဲလန်းနေတဲ့ ဆယ်ကျော်သက်တွေဟာ အလွန်အထီးကျန်နေကြပြီး အများစုဟာ အခန်းထဲမှာသာ အောင်းနေတတ်ကြတယ်လို့ အစီရင်ခံစာ တစ်ခုအရသိရပါတယ်။ ဆယ်ကျော်သက် ၁၀ ယောက်မှာ ခြောက် ယောက်ဟာ အထီးကျန်နေကြပြီး အယောက် ၂၀ မှာ တစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ အတူ အချိန်ဖြုန်းလေ့ မရှိဘူးလို့ အဆိုပါအစီရင်ခံစာရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ လူမှုဆက်ဆံရေး မရှိခြင်းဟာ နောက်ပိုင်းမှာ ဆယ်ကျော်သက်တွေရဲ့ဘဝအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာကို ဗြိတိန်က the National Citizen Service Trust က ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အတွင်း ဆယ်ကျော်သက် အယောက်တစ်ထောင်ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေထက် မိန်းကလေးတွေက ပိုအထီးကျန်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး အချို့တွေက လူတွေနဲ့ တွေ့ဆုံဆက်ဆံရမှာ ကြောက်ကြတယ်လို့လည်း ဆိုပါတယ်။
Photos & Source: Daily Mail

Reviewed by Unknown
on
9:58 AM
Rating:
Reviewed by Unknown
on
9:58 AM
Rating:

Post a Comment