Header AD

အာဖဂန်နှင့် ဆီးရီးယား တိုက်ခိုက်မှုများကို နမူနာယူရန် မြောက်ကိုရီးယားကို အမေရိကန် ဒုသမ္မတ သတိပေး

အမေရိကန်ပြည်ထောင်စုကရော တောင်ကိုရီးယားကပါ မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများကို ဆက်လက်သည်းခံနေတော့မည် မဟုတ်ဘဲ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်က တိုက်ခိုက်မှုများဖြင့် ဖြေရှ င်းခဲ့သည်ကို နမူနာယူသင့်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပင့်စ်က ဧပြီလ ၁၇ ရက်နေ့တွင် သတိပေးလိုက်ေ ကြာင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုကရော တောင်ကိုရီးယားကပါ မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများကို ဆက်လက်သည်းခံနေတော့မည် မဟုတ်ဘဲ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်က တိုက်ခိုက်မှုများဖြင့် ဖြေ ရှင်းခဲ့သည်ကို နမူနာယူသင့်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပင့်စ်က ဧပြီလ ၁၇ ရက်နေ့တွင် သတိပေးလို က်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယား၏ မအောင်မြင်သော ဒုံးကျည်စမ်းသပ်မှုအပြီး တစ်ရက်အကြာ၊ ပြုံယမ်းတွင် ဒုံးကျည်လက်နက်ကြီးများ အင်အားပြသပြီး နှစ်ရက်အကြာတွင် ပင့်စ်နှင့် တောင်ကိုရီးယား ယာယီသမ္မတ ဟွမ်ကျိုအန်းတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ပင့်စ်က တောင်ကိုရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များ မူလမျှော်မှန်းထားချိန်ထက် စောလျင်စွာ တပ် ဆင်မှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်၏ အာရှမဟာမိတ်နိုင်ငံ လေးနိုင်ငံသို့ ပင့်စ်၏ ခရီးစဉ်တွင် တောင်ကိုရီးယားသို့ ပထမဆုံး ဝင်ရောက်ခြ င်းဖြ စ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်သည် ပေါက်ကွဲလွယ်သော အာရှတိုက်ကို မျက်ကွယ်ပြုမထားကြောင်း ပြသမှုလည်းဖြ စ်သ ည်။
“ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမ္မတသစ်ရဲ့ ဆီးရီးယားနဲ့ အာဖဂန်မှာ ဆောင်ရွက်ခဲ့တဲ့ လှုပ် ရှားမှုတွေကို တွေ့မြင်ခဲ့ရပြီးပါပြီ။ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ ဖြေရှင်းနည်းကို လာမစမ်းတာ၊ ဒီဒေသတွင်းမှာ အမေရိ ကန်ပြည်ထောင်စုရဲ့ စစ်အင်အားကို လာမစမ်းတာ ကောင်းပါလိမ့်မယ်” ဟု ပင့်စ်က သတိပေးခဲ့သည်။
အမေရိကန်ရေတပ်သည် ယခုလအတွင်း ဆီးရီးယား လေတပ်စခန်းတစ်ခုကို တိုမာဟော့ခ် ဒုံးကျည် ၅၉ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ IS အဖွဲ့က အသုံးပြုနေသော ဂူများနှင့် ဥမင်များ ကွန်ရက်ကို “ဗုံးများ၏မိခင်” ဟု အမည်ပြောင်ရသော ဧရာမဗုံးကြီး ကျဲချဖျက်ဆီးခဲ့သည်။
ဧပြီလ ၁၇ ရက်နေ့အစောပိုင်း တောင်၊ မြောက် နယ်စပ် စစ်မဲ့ဇုန်သို့ သွားရောက်ကြည့်ရှုစဉ်တွင်လည်း ပင့်စ်က အမေရိ ကန်၏ မြောက်ကိုရီးယားအပေါ် မဟာဗျူဟာအရ သည်းခံသည့်ခေတ် ကုန်သွားပြီဟု သတိပေးခဲ့သေးသည်။
“ရည်မှန်းချက်တွေ အထမြောက်ဖို့နဲ့ ဒီ(တောင်ကိုရီးယား) နိုင်ငံ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းစေဖို့ နည်းလမ်းအား လုံး သုံးသွားနိုင်ပါတယ်”ဟု ပင့်စ်က သတင်းထောက်များကို သတိပေးခဲ့သည်။
The Voice Myanmar

အာဖဂန်နှင့် ဆီးရီးယား တိုက်ခိုက်မှုများကို နမူနာယူရန် မြောက်ကိုရီးယားကို အမေရိကန် ဒုသမ္မတ သတိပေး အာဖဂန်နှင့် ဆီးရီးယား တိုက်ခိုက်မှုများကို နမူနာယူရန် မြောက်ကိုရီးယားကို အမေရိကန် ဒုသမ္မတ သတိပေး Reviewed by Unknown on 7:41 AM Rating: 5

Post AD