Header AD

သတို့သမီးနှစ်ယောက်နဲ့ တပြိုင်တည်းလက်ထပ်ခဲ့သည့် တရုတ်အမျိုးသား

အသက် 44 နှစ်အရွယ် တရုတ်အမျိုးသားကြီးဟာ Miss Xie နဲ့ Miss Zhong လို့ အမည်ရတဲ့ သတို့သမီးနှစ် ယောက်နဲ့အတူ လက်ထပ်ပွဲဆင်နွှဲခဲ့ပါတယ်။ အဆိုပါမင်္ဂလာပွဲရဲ့ တစ်စိတ်တဒေသမှတ်တမ်း တင်ထားတဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်မှာ ကြည့်ရှုသူသန်းချီ ရှိနေပြီ ဖြစ်ပါတယ်။

သတို့သားကြီးရဲ့ အမည်ကိုတော့ Zhang လို့ ဖော်ပြထားပြီး၊ သူရဲ့ ဘယ်ဘက်မှာ Xie ညာဘက်မှာ Zhong တို့နဲ့အတူ အတူယှဉ်တွဲကာ မင်္ဂလာပွဲကို ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ သတို့သားရဲ့ မိဘကို ဒူးထောက် အရိုအသေ ပေးခဲ့ကြပြီး၊ မင်္ဂလာပွဲကို ဆွမျိုးတွေ စုံလင်စွာ တက်ရောက်ခဲ့ပါတယ်။
ယခုမင်္ဂလာပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျီဟန်စီရင်စု၊ ဖူအန်မြို့နယ်၊ လောင်ဆူစင်ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ သတို့သား/သတို့သမီးနှစ်ယောက်နဲ့ ပြိုင်တူ မင်္ဂလာဆောင်ခွင့် မရှိပါဘူး။ ဥပဒေအရလည်း ထောင်ဒဏ်အထိ ချမှတ်နိုင်ကြောင်း သိရပါတယ်။


ဒါပေမယ့် Zhang တို့ သုံးပွင်ဆိုင်စုံတွဲကတော့ ဥပဒေချွင်းချက် ရရှိထားကြောင်း သိရပါတယ်။ အကြောင်းကတော့ Zhang နဲ့ Xie တို့ စုံတွဲဟာ ယခင်ကတည်းက တရားဝင်လက်ထပ်ထားသူများဖြစ်ပြီး၊ သားတစ်ယောက်ရှိတယ်လို့ သိရပါတယ်။
သို့သော် Xie ဟာ ကျန်းမာရေးပြဿနာကြောင့် မကြာသေးခင်ကမှ ခင်ပွန်းသည် Zhang ကို တရားဝင် ကွာရှင်းပေး ခဲ့ပြီး ယခု Zhong နဲ့ လက်ထပ်ပွဲအတွက် စီမံပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် Zhang နဲ့ Xie က ဥပဒေအရ ဆက်လက်ပတ်သက်နေဦးမယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

 "www.shwemom.com  မှ ကူးယူဖော်ပြသည်။"
သတို့သမီးနှစ်ယောက်နဲ့ တပြိုင်တည်းလက်ထပ်ခဲ့သည့် တရုတ်အမျိုးသား  သတို့သမီးနှစ်ယောက်နဲ့ တပြိုင်တည်းလက်ထပ်ခဲ့သည့် တရုတ်အမျိုးသား Reviewed by Unknown on 5:10 AM Rating: 5

Post AD