Header AD

မုံရွာ ဗောဓိတစ်ထောင် သွားသည့်ကား ပြုတ်ကျ လူ ၂ ဦးသေဆုံး


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ နယ် ဗောဓိတထောင် ရပ်တော်မူဘုရားကြီး အဆင်းလမ်းမှာ ဧပြီလ (၁၁)ရက်နေ့ က ကားတစီးတိမ်းမှောက်ကာ လမ်းလျှောက်လာတဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီး ၂ဦးကိုတိုက်မိပြီး အခင်းဖြစ်ပွားရာနေရာတင် သေဆုံးသွားခဲ့ပါတယ်။

ဒိုင်နာအမျိုးအစား MDY 7A-6455 ကားဖြစ်ပြီး ကားပေါ်
အနည်းဆုံး ၁၅ယောက်လောက်ပါတယ်လို့သိရပါတယ်။ ကားပေါ်ပါလာတဲ့သူတွေတော့ အရေးပေါ်အခြေအနေနဲ့ မုံရွာဆေးရုံသို့ပို့ဆောင်နေပါတယ်။ ဘုရားပေါ်ကအဆင်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်ပွားရာသို့ ယာဉ်ထိန်းတပ်ဖွဲ့၊ ဘုရားလူကြီး၊ လူမှုရေးကားတွေလာရောက်စစ်ဆေးကူညီဆောင်ရွက်နေကြပါတယ်။

သတင်း / ဓာတ်ပုံ - အောင်ကိုလတ်
မုံရွာ ဗောဓိတစ်ထောင် သွားသည့်ကား ပြုတ်ကျ လူ ၂ ဦးသေဆုံး မုံရွာ ဗောဓိတစ်ထောင် သွားသည့်ကား ပြုတ်ကျ လူ ၂ ဦးသေဆုံး Reviewed by Unknown on 10:50 AM Rating: 5

Post AD