မလောက်လေးမလောက်စားအရွယ်လေးတွေနဲ့ ယုတ်မါရီုင်းစိုင်းနေကြပြီ
12.4.2017 မန္တလေး
၁၂.၄.၂၀၁၇ ရက်နေ့ ၀၂၀၀အချိန် မဟာအောင်မြေမြို့နယ် အမှတ်၉မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးဝင်းစိန်နှင့်အဖွဲ့တို့သည် ညဉ့်နက်လှည့်ကင်းဆောင်ရွက်စဉ် လမ်း၆၀l၄၁-၄၂ လမ်းကြားအရောက် မှောင်ရိပ်အတွင်း နံပါတ်မပါ ဆိုင်ကယ် (၂)စီး အမျိုးသား (၅)ဦး\အမျိုးသမီး (၁) ဦး တို့အား မသင်္ကာဖွယ်တွေ့သဖြင့် စစ်ဆေးရာတွင် ထွက်ပြေးကြသဖြင့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား ဖမ်းဆီးရမိပြီး သက်သေများနှင့်အတူ စစ်မေးခဲ့ရာတွင် ကျော်စွာ ဝင်း(ခေါ်)ကျော်ကြီး/ ညီလင်းအောင် (ခေါ်)ညီညီ/မသဲသဲထွေး တို့ဖြစ်ကြပြီး ထွက် ပြေးသွားသူများမှာ လှိုင်မင်း|ပုံဏ္ဏား(ခေါ်) ရဲရင့်| မင်းဇော်ဖြိုး(ခေါ်)ဖြိုးလေး တို့နှင့်အတူ ၁၁.၄.၂၀၁၇ ရက်နေ့ ၂၃၀၀ အချိန် ဟန်းဆက်(၁)လုံးအား ကြောက်ရွံ့စေအောင်ပြင် ဆင်ပြီး ခိုးယူလာခဲ့သူများဖြစ်ကြောင်း သိရှိရ ပြီး ထွက်ပြေးသွားသူများနောက်သို့ လိုက်လံစုံစမ်းရှာဖွေနေကြောင်း သိရှိရပါ၍ ရွှေမန်းသူ/ရွှေမန်းသားများ ဝိုင်းဝန်းကူညီပေးကြပါဦး

Reviewed by Unknown
on
6:17 AM
Rating:
Reviewed by Unknown
on
6:17 AM
Rating:

Post a Comment