Header AD

ခွေးဆွဲတဲ့လှည်းလေးနဲ့ တရုတ်ဘိုးဘွားစုံတွဲ

တကယ်ကို လိမ္မာတဲ့ ခွေးလေးတွေပါပဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရီဝုမြို့မှာ ခွေးဆွဲတဲ့လှည်းလေးနဲ့ ဘိုးဘွားစုံတွဲတစ်တွဲက ခရီးသွားနေတာ တွေ့ခဲ့ရပါတယ်။ မြို့လယ်ကောင်မှာ ကားတွေက ဥဒဟို သွားလာနေချိန်မှာ ခွေးဆွဲတဲ့စွပ်ဖားလှည်းက အထူးအဆန်း ဖြစ်နေခဲ့ပါတယ်။
သူတို့ရဲ့စွပ်ဖားလှည်းလေးမှာ ခွေးနှစ်ကောင်ကို တပ်ထားပြီး ခွေးလေးတွေကလည်း မမောမပန်း သူတို့ကို တင်ဆောင်လာတာ တွေ့ရပါတယ်။
ရှေးတုန်းက ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့မှာ ဟတ်စကီးခွေးအမျိုးအစားတွေ ဆွဲတဲ့ စွပ်ဖားလှည်းတွေနဲ့ နွားနို့လိုက်ရောင်းတဲ့အကြောင်းက ကမ္ဘာကျော်ခဲ့ဖူးပါတယ်။ ခုနောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားပါပြီ။
ဗြိတိန်နိုင်ငံမှာလည်း ၁၉၀၀ ပြည့်နှစ်ကစပြီး ခွေးဆွဲတဲ့လှည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။Source : CCTV

ခွေးဆွဲတဲ့လှည်းလေးနဲ့ တရုတ်ဘိုးဘွားစုံတွဲ ခွေးဆွဲတဲ့လှည်းလေးနဲ့ တရုတ်ဘိုးဘွားစုံတွဲ Reviewed by Unknown on 11:38 AM Rating: 5

Post AD