ပျံလွန်တော်မူခဲ့သည့်ဆရာတော်အား မီးသဂြိုင်္လ်ရာမှ လူ(၁၄)ဦး နှင့်သံဃာတစ်ပါး မီးလောင်ခံရမှုဖြစ်ပွား
တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး၌ ဧပြီ(၂၀)ရက်နေ့ ညနေပိုင်းက ပျံလွ န်တော်မူခဲ့သောဆရာတော်အား မီးသင်္ဂြိုလ်မှုပြုလုပ်ခဲ့စဉ် အနီးရှိ လူ(၁၄)ဦး နှင့် သံဃာတော်တစ်ပါး မီးဟပ်ခံခဲ့ရ၍ မီးေ လာင်ဒဏ်ရာများရရှိခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရား ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တဥာဏ ၊ သက်တော် (၉ ၀)နှစ်၊ဝါတော်(၇၀)နှစ်မှာ ဧပြီ(၁၇)ရက်နေ့ နံနက်(၁)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရှိရပြီးဖြ စ်သည်။
ယင်းပျံလွန်တော်မူခဲ့သည့် ရွှေရောင်တော်ဘုရား ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလပ်တော်အား ဧပြီ(၂၀)ရက်နေ့ ညေ န(၅)နာရီခွဲအချိန်က ရွှေရောင်တော်ဘုရား၏ အနောက်ဘက်(၁)ဖာလုံခန့်အကွာရှိ ပွဲတော်ကုန်း၌ မီးသင်္ဂြိုလ်မှုပြုလုပ်စဉ် ဓါတ်ဆီလောင်းမီးရှို့ခဲ့သဖြင့် ရုတ်တရက် မီးထလောင်ကာ အနီးရှိ ဆရာတော်၏ရုပ်ကလပ်အား ဝတ်ပြုနေကြသည့် အမျိုး
သား(၁၄)ဦး နှင့် ဦးပဉ္ဇင်း(၁)ပါးတို့ မီးဟပ်မီးလောင်ခံခဲ့ရခြင်းဖြစ်သည်။
မီးလောင်မှုကြောင့်(မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိခဲ့ကြ၍ ရဲဆေးစာဖြင့် တောင်တွင်း ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ေ ဆာင်ဆေးကုသမှုခံယူစေခဲ့ခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာရှိသူများမှာ တောင်တွင်းကြီး မြို့နယ်၊ကြက်ဆူတောရွာမှ အမျိုး သား(၁၁)ဦး၊တောင်တွင်းကြီးမြို့နယ်၊ လက်ပံရှည်ရွာမှ အမျိုးသား(၁)ဦး နှင့် ဦးပဉ္ဇင်း(၁)ပါး၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေအမျိုးသား(၁)ဦး၊ပဲခူးတိုင်းဒေသကြီး၊အုတ်ဖိုမြို့နယ်နေ အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်းသိရှိရပြီး လက်ရှိ ဆေးရုံတွင် သံယာတော်(၁)ပါး နှင့် အမျိုးသား(၈)ဦး တက်ရောက် ဆေးကုမှုခံယူနေပြီး အမျိုးသား(၆)ဦးမှာ ပြင်ပလူနာများအဖြစ်ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။
Myanmaalinn

Reviewed by Unknown
on
8:10 AM
Rating:
Reviewed by Unknown
on
8:10 AM
Rating:

Post a Comment