Header AD

ကလေး(၃)ယောက်ဝမ်းနဲ့လွယ်ပြီးမွေးနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးပုရိသအမေ

homas Beatie အမည်ရတဲ့ အမျိုးသားဟာ 2008 ခုနှစ်မှာ ကိုယ်တိုင်ကိုယ်ဝန်လွယ်ပြီး ကလေးမွေးဖွားနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံး ယောက်ျားအဖြစ် သမိုင်းမှတ်တမ်း ၀င်ခဲ့ပါတယ်။ Thomas Beatie ဟာ လိင်ပြောင်းအမျိုးသားဖြစ်ပြီး အမျိုးသမီးရဲ့ သားအိမ်ကို ခွဲစိပ်တပ်ဆင်ထားတဲ့သူ ဖြစ်ပါတယ်။

အဲဒီအတွက် Thomas Beatie ဟာ သန္ဓေသားကို မျိုးဥအိမ်ထဲ ပြောင်းရွှေ့ထည့်ပေးစရာမလိုတော့ဘဲ ကိုယ်တိုင်ကိုယ်ဝန်လွယ်ကာ မွေးဖွားနိုင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာရှားပါးလှပြီး ကနဦးကတော့ သဘာဝကိုလွန်ဆန်ဆဲ့ ဆေးပညာအပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် Thomas Beatie ဟာ အခုအချိမှာ ကလေးယောက်အထိ မွေးဖွားနိုင်ခဲ့ပါပြီ။ ဒါဟာ ဆေးပညာအရ လိင်ပိုင်းဆိုင်ရာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။


ဒါပေမယ့် Thomas Beatie ဟာ မွေးဖွားစဉ်က မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားခဲ့သူဖြစ်ပြီး နာမည်အရင်းမှာ Tracy Lehuanani LaGondino ဖြစ်ပါတယ်။ 2002 ခုနှစ်မှာ အမျိုးသားဘ၀ကို ခွဲစိပ်ကူးပြောင်းခဲ့ပြီး 2007 ခုနှစ်မှာ Artificial Insemination နည်းပညာနဲ့ သူဟာ ကိုယ်ဝန်ဆောင်တဲ့ပထမဆုံး အမျိုးသား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မျိုးဗီဇအောင်မြင်ခြင်းမရှိတဲ့ အမျိုးသားအမျိုးသမီးတွေအတွက်လည်း ခွဲစိပ်မှုတွေ၊ မျိုးဗီဇအောင်မြင်ပြီးသူနဲ့ Fertility Treatment လုပ်လိုသူတွေအတွက်လည်း လန်ဒန်မှာရှိတဲ့ NHS Gender Identity Clinic in Fulham ဆေးရုံကြီးမှာ အောင်မြင်စွာခွဲစိပ်ပေးနေပြီလို့ သိရပါတယ်။ ကုန်ကျစာရိတ်မှာ ပေါင် 34000 ဖြစ်ပြီး လိင်အင်္ဂါအပြောင်းအလဲအတွက် အမျိုးသမီး 29975 ပေါင်၊ အမျိုးသားတွေအတွက်တော့ 13867 ပေါင် ပျမ်းမျှအားဖြင့် ကုန်ကျမှာဖြစ်ပါတယ်။


အသက်(17)နှစ်အရွယ်ရှိ  Riley Middlemore ကလည်း သူ့ရဲ့ မျိုးဗီဇမအောင်မြင်တဲ့ ချစ်သူကို ကိုယ်ဝန်လွယ်စေချင်လို့အခုအချိန်မှာ Sperm Donor တစ်ဦးဦးကို စောင့်မျှော်နေပြီး … သူရဲ့အောင်မြင်တဲ့ သုတ်ပိုးနဲ့ Sperm Donor ရဲ့ပေါင်းစပ်ကာ ချစ်သူရဲ့သားဥအိမ်ထဲမှာ ကိုယ်ဝန်ရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: thesun

ကလေး(၃)ယောက်ဝမ်းနဲ့လွယ်ပြီးမွေးနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးပုရိသအမေ ကလေး(၃)ယောက်ဝမ်းနဲ့လွယ်ပြီးမွေးနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးပုရိသအမေ Reviewed by Unknown on 11:48 AM Rating: 5

Post AD