အမျိုးသမီးများ၏ စကတ်အောက်ကို ဗွီဒီယိုခိုးရိုက်သူအားဖမ်းဆီး
By Han Lu
April 11, 2017
အပေါက်ပါသော ဖိနပ်ထဲတွင် ကင်မရာဝှက်ထားပြီး အမျိုးသမီးများ၏ စကတ်အောက်မှ ဗီဒီယိုရိုက်ကူးသူ မလေးရှားအ မျိုးသားတစ်ဦးအား ရဲအဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
မလေးရှားနိုင်ငံ ကဒါးမြို့တွင် နေထိုင်သော အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် လျို့ဝှက်ကင်မရာ တပ်ဆင်ထားသ ည့် အပေါက်ပါသော ဖိနပ်ကို ဝတ်ဆင်ကာ ဈေးထဲတွင် မိန်းကလေးများ၏ စကတ်အောက်မှ ဗီဒီယိုရိုက်ကူးနေခဲ့ခြ င်းဖြ စ်သည်။ အဆိုပါ ကင်မရာနှင့် သူ၏ဖုန်းကို ချိပ်ဆက်ထားသည့်အတွက် ရိုက်ကူး မှုကို တိုက်ရိုက် မြင်နေခဲ့ရသည်။
သူ၏ ပုံမှန်မဟုတ်သော အမူအယာများကြောင်း ဈေးအတွင်းရှိ လူအချို့က သံသယဝင်ကာ ရဲကို ဖုန်းဆက်အကြောင်း ကြားခဲ့သည့်အတွက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် အဆိုပါအမျိုးသားကို စစ်ဆေးမှု များပြုလုပ်နေပြီး အနည်းဆုံးထောင်ဒဏ် ၅ နှစ်၊ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံး ကျခံဖွယ်ရာရှိကြောင်း ဒေသခံ မီဒီ ယာများတွင် ဖော်ပြထားခဲ့သည်။
အမျိုးသမီးများ၏ဘဝသည် နေ့စဉ် တစ်နည်းနှင့်မဟုတ် တစ်နည်းဖြင့် ခြိမ်းခြောက်ခံနေရလျှက်ရှိသည့်အတွက် မိမိတို့ ပတ်ဝန်းကျင်တွင် အဆိုပါအဖြစ်ပျက်များကို လစ်လျူရှုမထားပဲ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်လှသည်။
Ref:TheNewStraitsTimes
popolay
အမျိုးသမီးများ၏ စကတ်အောက်ကို ဗွီဒီယိုခိုးရိုက်သူအားဖမ်းဆီး
Reviewed by Unknown
on
10:14 AM
Rating:
Reviewed by Unknown
on
10:14 AM
Rating:



Post a Comment