ရန်ကုန်မြို့တွင် ငွေကျပ် ၃၁ ဒသမ ၉၄၅၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေး ဝါးများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
နေပြည်တော် ဧပြီ ၁၉
နိုင်ငံခြားသားများပါဝင်သည့် မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၌ အိုက်စ် ကီလို ၁၁၁ဝ၊ ကက်တမင်း ၆၂၂ ဒသမ ၃ ကီလိုတို့ဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ က ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့ပြီး တရားခံ CAI JENG ZE ပါ ကိုးဦးနှင့် တိမ်းရှောင်တရားခံMr. SUE(ခ) မြင့်အောင်(ခ) လောက် တ ပါ ၁၆ ဦးတို့အား တရားစွဲဆိုခဲ့သည်။
အဆိုပါအမှုမှ တရားခံပြေး ၁၆ ဦးအနက် စန်ချင်း(ခ)ရန်ရှင်းသည် သင်္ကြန်ရက်နောက်ပိုင်းတွင် ၎င်း နေထိုင်သည့် သာကေတမြို့နယ်နှင့် ရန်ကင်းမြို့နယ်ရှိ နေအိမ်ခန်းများသို့ ပြန်လာရန်ရှိကြောင်း သတင်းအရ ဧပြီ ၁၈ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စန်ချင်း (ခ) ရန်ရှင်း ငှားရမ်းနေထိုင်သည့် သာကေတမြို့နယ် (၆/အနောက်) ရပ်ကွက် (၇)ဈေးလမ်း အမှတ်(၇) အခန်း(B/1)နေအိမ်မှ စောင့်ဆိုင်း ရှာဖွေရာ စန်ချင်း(ခ) ရန်ရှင်း(ခ) ဝမ်စန်ချင်း၊ အောင်ရဲသွင်၊ ဇံမြတ် ထွန်း၊ မျိုးလွင်၊ မိုးကျော်နှင့် စိုးနိုင်တို့ ခြောက်ဦးအား ပွိုင့် ၃၂ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၎င်းကျည် ခုနစ်တောင့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ ဘိန်းဖြူ အလေးချိန် သုည ဒသမ ၃ ကီလို၊ မော်တော်ယာဉ်လေး စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းအဖွဲ့သည် ဆက်လက်၍ စန်ချင်း(ခ)ရန်ရှင်း(ခ)ဝမ်စန်ချင်း ငှားရမ်းနေထိုင်သည့် သာကေတ မြို့နယ် (၉)ရပ်ကွက် ကမာကြည် လမ်း အမှတ်(ဝဝ၁)နေအိမ်ကို ဆက် လက်ရှာဖွေရာ နေအိမ်မှ ဘိန်းဖြူ အလေးချိန် ၃ ဒသမ ၆၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၄၅၈ဝဝ၊ အိုက်စ် အလေးချိန် ၂၉၉ ဒသမ ၆ ကီလိုနှင့် မော်တော်ယာဉ်တစ်စီး တို့ကိုလည်းကောင်း၊ ဆက်စပ်တရားခံ ထွန်းလင်းအောင် (တိမ်းရှောင်) နေထိုင်သည့် ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ တိုက်(၁၃) အခန်း(၄၁)ကို ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝ ၊ ၉ မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ၎င်းကျည် ရှစ် တောင့်တို့ကိုလည်းကောင်း၊ ကွင်း ဆက်တရားခံ မင်းမင်း(ခ)ဆံရှည် နေထိုင်သည့် ရန်ကင်းမြို့နယ် ရွှေအုန်းပင် အိမ်ရာ (၂) တိုက်(၂၄) အခန်း(၁၂) ကို ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြား တို့ကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါနေအိမ်လေးနေရာမှ စုစု ပေါင်း ဘိန်းဖြူ ၃ ဒသမ ၉၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၆ဝ၁၂ ပြား၊ အိုက်စ် ၂၉၉ ဒသမ ၆ ကီလို စုစုပေါင်း ငွေကျပ် ၃၁ ဒသမ ၉၄၅၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် ပစ္စတိုသေနတ်နှစ်လက်၊ ကျည်အိမ် သုံးခု၊ ၎င်းကျည် ၁၅ တောင့် နှင့် မော်တော်ယာဉ် ငါးစီးအပါအဝင် စန်ချင်း(ခ) ရန်ရှင်း(ခ) ဝမ်စန်ချင်း၊ အောင်ရဲသွင်၊ ဇံမြတ်ထွန်း၊ မျိုးလွင်၊ မိုးကျော်၊ စိုးနိုင်၊ မင်းမင်း(ခ)ဆံရှည် နှင့် ထွန်းလင်းအောင် (တိမ်းရှောင်)တို့ ရှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်မြို့တွင် ငွေကျပ် ၃၁ ဒသမ ၉၄၅၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေး ဝါးများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Reviewed by Unknown
on
10:38 PM
Rating:
Reviewed by Unknown
on
10:38 PM
Rating:

Post a Comment