ထီပေါက်တယ်လို့သိသိချင်း ခင်ပွန်းကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တဲ့ ဇနီး
တွမ်မိတ် (Tom Mabe) အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အမျိုးသမီးကို နောက်ပြောင်မယ်ဆိုတဲ့ ဆန္ဒနဲ့ ပြီးခဲ့တဲ့ အပါတ်က ထွက်ခဲ့တဲ့ နံပါတ်များနဲ့ တူညီတဲ့ Powerball လက်မှတ်များကိုဝယ်ယူခဲ့ပါတယ်။
Power Ball ဟာ အမေရိကန် ထီကစားနည်းတစ်မျိုးဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်း ၄၀ ခန့်ဆုချီးမြှင့်လေ့ရှိတဲ့ ထီကစားနည်းတစ်မျိုးဖြစ်ပါတယ်။Power Ball ထီလက်မှတ်များဟာတစ်စောင်ကို အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ကျသင့်တယ် လို့သိရပါတယ်။
Powerball လက်မှတ်များကို သူဟာ ၀ယ်ယူခဲ့အပြီးမှာ ပြီးခဲ့တဲ့ အပါတ်က Powerball လက်မှတ်ပေါက်စဉ်ဖွင့်တဲ့ ဗီဒီယိုကိုလည်း ရယူခဲ့ပြီး သူချစ်ရတဲ့ ဇနီးဖြစ်သူကို စနောက်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားခဲ့ပါတယ်။Powerball လက်မှတ် ထီပေါက်စဉ်ဖွင့်တဲ့အခါမှာ တွမ်မိတ်ဟာ ဇနီးဖြစ်သူကို လှမ်းခေါ်ပြီး သူမဟာ ဒေါ်လာ ၁၅ သန်းတန် Powerball ထီပေါက်ပြီဖြစ်ကြောင်း ယခင်လက ရိုက်ကူးထားခဲ့တဲ့ ထီပေါက်စဉ်ဖွင့်တဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ဇနီးဖြစ်သူဟာ သူမထီပေါက်ပြီလို့သိရပြီးပြီးချင်းနောက်မှာ သူမရဲ့ အိတ်မှတဆင့် Powerball လက်မှတ်ကို လှန်လှော ရှာဖွေနေခဲ့ပြီး သူမဒေါ်လာ ၁၅ သန်း ထီပေါက်ခဲ့တာကို အံ့ဩနေခဲ့ပါတယ်။
ဒါပေမဲ့ တွမ်မိတ်ဟာ ဇနီးဖြစ်သူကို အံ့အားသင့်စေပြီး စနောက်ခဲ့ပေမဲ့ နောက်တစ်ကြိမ်မှာ အံ့အားသင့်ခဲ့ရတာတော့ သူကိုယ်တိုင်ပဲဖြစ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ဇနီးဖြစ်သူက ဒေါ်လာ ၁၅ သန်းတန် Powerball ထီပေါက်တယ်လို့ သိသိပြီးခြင်း တွမ်မိတ်ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ ပြောလာခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဇနီးဖြစ်သူက သူတို့လင်မယားနှစ်ယောက်လုံးဟာ နှစ်ပေါင်းများစွာ စိတ်မချမ်းသာစွာနဲ့ ပေါင်းသင်းနေထိုင်ခဲ့ရပြီး ယခု ငွေကြေးလည်းရလာပြီဆိုတော့ ကွာရှင်းပြီး တစ်အိုးတစ်အိမ်သီးခြား ထူထောင်ချင်ကြောင်းပြောဆိုခဲ့ပြီး တွမ်မိတ်ဟာ သားလေးကို ပါထိန်းသိမ်းစောင့်ရှောက်နိုင်ပါကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။တွမ်မိတ်ဟာ ဇနီးဖြစ်သူရဲ့ ပြောစကားတွေအကြားမှာ အံ့အားသင့်လွန်း၍ နှုတ်ဆိတ်သွားခဲ့တဲ့ ပုံကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။
ထီပေါက်တယ်လို့သိသိချင်း ခင်ပွန်းကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တဲ့ ဇနီး
Reviewed by Unknown
on
3:03 AM
Rating:
Reviewed by Unknown
on
3:03 AM
Rating:



Post a Comment